Connect with us

WORLD

COVID-19 ရောဂါဖြင့် အိန္ဒိယနိုင်ငံ အငယ်တန်း ရထားပို့ဆောင်ရေးဝန်ကြီး Suresh Angadi သေဆုံး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဓနသဟာယနိုင်ငံများအားကစားပြိုင်ပွဲ ခန်းမရုံ၌ COVID-19 ရောဂါဝေဒနာရှင်များအား ဆေးကုသမှုပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ပြည်ထောင်စု အငယ်တန်း ရထားပို့ဆောင်ရေးဝန်ကြီး Suresh Angadi သည် COVID-19 ရောဂါဖြင့် စက်တင်ဘာ ၂၃ ရက်တွင် သေဆုံးသွားကြောင်း အစိုးရတာဝန်ရှိသူမျာက ပြောကြားခဲ့သည်။

အသက် ၆၅ နှစ်အရွယ် Angadi သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း လွန်ခဲ့သော နှစ်ပတ်ခန့်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသွားခြင်းဖြစ်သည်။ ၎င်းသည် ရောဂါကူးစက်ခံရပြီးနောက် အခြေအနေဆိုးရွားလာသဖြင့် နယူးဒေလီမြို့ရှိ AIIMS ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ရသည်။

၎င်းသည် COVID-19 ကပ်ရောဂါဖြင့် ပထမဆုံး အသက်ဆုံးရှုံးရသည့် အိန္ဒိယနိုင်ငံ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။ Angadi သည် စက်တင်ဘာ ၁၁ ရက်က COVID-19 ရောဂါ Positive အဖြေထွက်ခဲ့သည်။ ထိုသို့ ရောဂါကူးစက်ခံရကြောင်း သိရှိပြီးနောက် ၎င်းနှင့်ထိတွေ့ခဲ့သူများအား ကျန်းမာရေးဂရုစိုက်နေထိုင်ရန် နှင့် စစ်ဆေးမှုခံယူရန် လူမှုကွန်ရက်ပလက်ဖောင်းမှတစ်ဆင့် တိုက်တွန်းစကားပြောကြားခဲ့သည်။

၁၉၅၅ ခုနှစ် မွေးဖွားခဲ့သော Angadi သည် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် Belgaum ခရိုင်မှ BJP ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းသည် နိုင်ငံရေးသမားဘဝတစ်လျှောက် ပါတီအတွင်းရာထူး အမျိုးမျိုးဖြင့်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)