Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၆ ဦး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ ၁ဦး ထပ်မံသေဆုံး

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁၆ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာများထဲမှ ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း  ယနေ့ ( စက်တင်ဘာ ၂၃ ရက်)နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်တင်ဘာ ၂၂ ရက် ည ၈နာရီမှ စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီထိ ဓာတ်ခွဲနမူနာ (၃,၀၈၃) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၁၆) ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများထဲမှ ၁ ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၆ ဦးထိ ရှိလာကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆,၉၅၉)ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)