ဘူဒါပတ်စ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်-ဥရောပ ကုန်တင်ရထားကြီးသည် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ၊အဝတ်အထည်များ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ကာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။တရုတ်-ဥရောပ ကုန်ရထားသည် ဥရောပနိုင်ငံများနှင့်သွားလာဖလှယ်မှုကို တိုးမြှင့်ရန် တရုတ်နိုင်ငံမှစတင် ဆောင်ရွက်သည့် ရထားလမ်းချိတ်ဆက်မှု စီမံကိန်းတစ်ခုဖြစ်သည်။ကုန်ကျစရိတ်သက်သာ၍ ယုံကြည်စိတ်ချရမှုရှိခြင်းကြောင်း ကိုဗစ်ကာလတွင် ရထားသယ်ယူပို့ဆောင်ရေးသည် တိုးတက်လာကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၃ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ထပ်တိုးလာသဖြင့် သေဆုံးသူပေါင်း ၁၁၅ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်း ထုတ်ပြန်မှု...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် နေ့လည် ၂နာရီထိ နောက်ထပ် သေဆုံးသူ ၁၃ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၃ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့မှုအစီအစဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်ကြရာတွင် ပမာဏနှင့် မှန်ကန်စွာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူ သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင်...
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ယခုအချိန်၌ လူအများစုဝေးရာနေရာများဖြစ်သည့် ဈေးများမှ တစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးတို့ကိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြည်သူများသို့ အသိပေးထုတ်ပြန် ပြောကြားခဲ့သည်။
ဒါကာ၊စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အသစ်ထပ်တိုးလူနာ ၁,၇၀၅ ဦး ဖြင့် စုစုပေါင်းအတည်ပြုလူနာ ၃၅၀,၆၂၁ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၄၀ ဦး ဖြင့် စုစုပေါင်းသေဆုံးသူ ၄,၉၇၉ ဦး၊ အသစ်ထပ်တိုးရောဂါပျောက်ကင်းသူ ၂,၁၅၂ ဦးဖြင့် စုစုပေါင်း ရောဂါပျောက်ကင်းသူ...
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီအထိ ထပ်မံ သေဆုံးသူ နှစ်ဦးရှိသဖြင့် သေဆုံးသူပေါင်း ၁၀၀ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့...
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) COVID-19 ကာကွယ်ကုသဆေးများ ပေါ်လာသည်နှင့်အမျှ အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန် ရောက်နိုင်အောင် ယခုကတည်းက စီစဉ်နေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ စက်တင်ဘာ ၂၁...
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၄၆ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ စုစုပေါင်း ၉၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၄ ဦး တွေ့ရှိခဲ့ပြီး ထပ်မံ သေဆုံးသူ နှစ်ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။