Connect with us

WORLD

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃ သိန်း ၅ သောင်းကျော်ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးဆိုးပန်းရိုက်လုပ်ငန်းမြင်ကွင်း တစ်ခုအား စက်တင်ဘာ ၁၅ ရက် ကတွေ့ရစဉ် (ဆင်ဟွာ )

ဒါကာ၊စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အသစ်ထပ်တိုးလူနာ ၁,၇၀၅ ဦး ဖြင့် စုစုပေါင်းအတည်ပြုလူနာ ၃၅၀,၆၂၁ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၄၀ ဦး ဖြင့် စုစုပေါင်းသေဆုံးသူ ၄,၉၇၉ ဦး၊ အသစ်ထပ်တိုးရောဂါပျောက်ကင်းသူ ၂,၁၅၂ ဦးဖြင့် စုစုပေါင်း ရောဂါပျောက်ကင်းသူ ၂၅၈,၇၁၇ ဦး အသီးသီးရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာ၏ စက်တင်ဘာ၂၁ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက သက်ဆိုင်ရာ ဆေးရုံများနှင့် ဓါတ်ခွဲခန်းများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် antigen စမ်းဆေးခြင်းများကို တရားဝင်ခွင့်ပြုကြောင်းနှင့် ရုပ်ရှင်ရုံများကို အောက်တိုဘာ ၁၆ ရက်တွင်စ၍ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ယင်းနေ့တွင်ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးဆိုးပန်းရိုက်လုပ်ငန်းမြင်ကွင်း တစ်ခုအား စက်တင်ဘာ ၁၅ ရက် ကတွေ့ရစဉ် (ဆင်ဟွာ )

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လဆန်းက ပထမဆုံး ကိုဗစ်ရောဂါအတည်ပြုလူနာတွေ့ရှိပြီးနောက် ဇူလိုင်၂ ရက်တွင် တစ်ရက်အတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ အများဆုံးအဖြစ် ၄,၀၁၉ ဦး ရှိခဲ့သည်။ ထို့နောက် လူနာအရေအတွက် လျော့ကျလာရာ ယခုကာလများတွင် တစ်ရက်အတွင်းထပ်တိုး အတည်ပြုလူနာအရေအတွက်၂,၀၀၀အောက်တွင် ထိန်းထားနိုင်ကြောင်းသိရသည်။ ဧပြီလကုန်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ရောဂါကာကွယ်ထိန်းချုပ်မှုများကို တစ်စတစ်စဖြေလျှော့မှုများပြုလုပ်ခဲ့သည်။ ရောဂါကာကွယ်ထိန်းချုပ်မှုများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည်လုပ်ငန်းများပြန်လည်လည်ပတ်ရန်၊ ပြည်တွင်းလေကြောင်းလိုင်းများပြန်လည်လည်ပတ်ရန်နှင့် ခရီးသွားနေရာများကိုပြန်လည်ခွင့်ပြုခြင်းတို့ဖြင့် လူမှုစီးပွားတိုးတက်မှုများကို ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)