Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၁၀၀ ဦးရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီအထိ ထပ်မံ သေဆုံးသူ နှစ်ဦးရှိသဖြင့် သေဆုံးသူပေါင်း ၁၀၀ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ သေဆုံးသူ နှစ်ဦးမှာ အသက် ၇၃ နှစ် အရွယ် အမျိုးသား(Case-3610) နှင့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီး(Case-5102)တို့ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ ၂,၉၉၇ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၃၂၀ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၂၁ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၅,၄၃၆ ခုအား  စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၆၆၆ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ယခုအချိန်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ မိမိနေအိမ်တွင်သာနေထိုင်ခြင်း ဖြစ်ကြောင်း ၊ မဖြစ်မနေကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို မဖြစ်မနေ အမြဲတပ်ဆင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)