Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၄၆ ဦး တွေ့ရှိ ၊ သေဆုံးသူ စုစုပေါင်း ၉၈ ဦးထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

COVID-19  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၄၆ ဦး တွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ စုစုပေါင်း ၉၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂,၄၃၉ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၃၄၆ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသမီး(Case-4612)သည် ယနေ့ စက်တင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၆,၁၅၁ ဦးရှိပြီး ဓာတ်ခွဲအတည်ပြု လူနာဟောင်းများအနက် စုစုပေါင်း ၁,၄၄၅ ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုအချိန်၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးလျှော့ချနိုင်ရန် အထိရောက်ဆုံး နည်းလမ်းမှာ မိမိနေအိမ်တွင်သာနေထိုင်ခြင်း ဖြစ်ကြောင်း ၊ မဖြစ်မနေကိစ္စရပ်များအတွက် နေအိမ်ပြင်ပသို့ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို မဖြစ်မနေ အမြဲတပ်ဆင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။ (Xinhua)