Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၄ ဦး ထပ်တိုး ၊ သေဆုံးသူ စုစုပေါင်း ၉၄ ဦးထိ ရှိလာ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၄ ဦး တွေ့ရှိခဲ့ပြီး ထပ်မံ သေဆုံးသူ နှစ်ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ စက်တင်ဘာ ၂၀ ရက်အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၈၉၂ ခုအား  စစ်ဆေးခဲ့ပြီး ယခုထုတ်ပြန်ခဲ့သည့် လူနာသစ် ၂၆၄ ဦး နှင့်အတူ စက်တင်ဘာ ၂၀ ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် စုစုပေါင်း ၅၄၂ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ထပ်မံသေဆုံးသူ နှစ်ဦးမှာ အသက် ၈၄ နှစ် အရွယ် အမျိုးသမီး(Case-5387) နှင့် အသက် ၆၂ နှစ် အရွယ် အမျိုးသား(Case-5299) တို့ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ၊ အဆိုပါ လူနာသေဆုံးချိန် တွင် ဓာတ်ခွဲနမူနာ ရယူ၍ ပေးပို့စစ်ဆေးထားဆဲ ဖြစ်ပြီး COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအဖြေ ရရှိပြီးနောက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၅,၈၀၅ ဦး ရှိလာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း ၉၄ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ထို့အတူ  ဓာတ်ခွဲအတည်ပြု လူနာဟောင်းများအနက် စက်တင်ဘာ ၂၀ ရက်အထိ စုစုပေါင်း ၁,၂၆၀ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)