လော့စ်အိန်ဂျလိစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) အာဖရိကန် အမေရိကန်လူမည်း အမျိုးသားဂျော့ဖလွိုက် သေဆုံးမှုကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ပြည်သူများ ဆန္ဒပြလျှက်ရှိရာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး အဆိုပါဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့သည့် ရုပ်သံဖိုင်တစ်ခုကို တင်ဆက်လိုက်ခြင်းဖြစ်သည်။ (Xinhua)
ရောမ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသော လူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၁,၆၁၆ ဦး လျော့နည်းခဲ့ပြီး ယခုအခါ ၄၂,၀၇၅ ဦး အထိ ကျဆင်းသွားခဲ့ကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာနက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် မေ ၃၁ ရက်က ပထမဆုံး အကြိမ်အဖြစ် လက္ခဏာမပြ COVID-19 ရောဂါ ထပ်တိုးကူးစက်ခံရသူ မရှိခဲ့ကြောင်း ဝူဟန့်မြို့ ကျန်းမာရေးကော်မရှင်ဝဘ်ဆိုက်မှ ဇွန် ၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုးအား အိန္ဒိယ နိုင်ငံမှ ပြန်လာသူ လေးဦးထံမှ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၂၈...
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) မြန်မာ့တပ်မတော်၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်“မြန်မာ–တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization)”၊ မြန်မာချစ်ကြည်ရေးကုမ္ပဏီနှင့် Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီတို့သည် မေ ၂၉ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ “COVID-19 ရောဂါစစ်ဆေးရေးပစ္စည်းများ” ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများမှ ပြန်လာသူများ သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် ထားပြီး လိုက်နာရန် အထူးအရေးကြီးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ မေ ၃၀ ရက် (ဆင်ဟွာ) ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအား ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ (Campaign) မတိုင်မီ နောက်အကျဆုံး ဇူလိုင်လ၌ ကျင်းပရန် နိုင်ငံတော် အစိုးရက လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs)အား ယမန်နေ့က...
နေပြည်တော်၊ မေ ၃၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသည် COVID-19 ရောဂါ တုံ့ပြန်ရေးတွင် မိမိတို့ရှိ စွမ်းဆောင်ရည်နှင့် အရင်းအမြစ် များကို အသုံးပြုပြီး နိုင်နိုင်နင်းနင်း ကာကွယ်လာနိုင်သော အနေအထားသို့ ရောက်ရှိလာ ကြောင်း၊ ထိုသို့ ကာကွယ်နိုင်သည်နှင့်အမျှ ကန့်သတ်ချက်များအား ဖြည်းဖြည်းချင်း ဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်...
မန္တလေး၊ မေ ၃၀ ရက် (ဆင်ဟွာ) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် COVID-19ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ကို ဇွန်လ (၁) ရက်၌ စတင်စစ်ဆေးပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုချက်များအရ အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၁၇ ဦး၌ COVID-19 ရောဂါ တွေ့ရှိရပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၂၂၄ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ယနေ့ (မေ ၃၀ ရက်) နံနက်အစောပိုင်းတွင် ထုတ်ပြန်သော...