Connect with us

MYANMAR

Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီမှဦးဆောင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ COVID-19 စစ်ဆေးရေးပစ္စည်းများ ပေးအပ်လှူဒါန်း

Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီက မေ ၂၉ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ COVID-19 စစ်ဆေးရေးပစ္စည်းများအား ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ)

မြန်မာ့တပ်မတော်၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်မြန်မာတရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization)၊ မြန်မာချစ်ကြည်ရေးကုမ္ပဏီနှင့်  Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီတို့သည် မေ ၂၉ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ “COVID-19 ရောဂါစစ်ဆေးရေးပစ္စည်းများ  ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေက  ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများပေးအပ်လှူဒါန်းသည့်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဆိုသည်။ 

Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီက မေ ၂၉ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ COVID-19 စစ်ဆေးရေးပစ္စည်းများအား ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှေးယခင်ကတည်းက တည်ရှိခဲ့ရာ ကာလကြာရှည် အပြန်အလှန်ကြည့်ရှုစောင့်ရှောက်ဖေးမကူညီခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံ ကပ်ရောဂါဖြစ်ပွားသော အစောပိုင်းကာလတွင် မြန်မာ့တပ်မတော်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ညွှန်ကြားချက်ဖြင့်  ထောက်ပံ့ရေး ပစ္စည်းများကို အထူးလေယာဉ်ဖြင့် ဝူဟန့်သို့ ပို့ဆောင်ပေးခဲ့သလို မြန်မာနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားသည့်အခါ တရုတ်နိုင်ငံမှလည်း ထောက်ပံ့ရေးပစ္စည်းများကို ချက်ချင်း ပို့ဆောင်ပေးခဲ့ကာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားဖြည့်ကူညီပေးခဲ့ကြောင်း၊ လာမည့်ကာလများတွင်လည်း ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တပ်မတော်က တရုတ်နိုင်ငံအတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကျိုးရှိစေသလို နှစ်နိုင်ငံချစ်ကြည်ရေးအတွက်လည်း အကျိုးဖြစ်စေကြောင်း နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေက ပြောကြားခဲ့သည်။ 

Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီက မေ ၂၉ ရက်တွင် နေပြည်တော်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ COVID-19 စစ်ဆေးရေးပစ္စည်းများအား ပေးအပ်လှူဒါန်းစဉ်(ဆင်ဟွာ)

ထိုသို့ လှူဒါန်းမှုနှင့်ပတ်သက်၍ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ လက်ရှိမြန်မာတရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization) အတွင်းရေးမှူးချုပ် ဦးကိုကိုလှိုင်က လက်ရှိအခြေအနေသည် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ကပ်ရောဂါကို အနိုင်တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။  

Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ကျန့်ရှောင်းကလည်း  မြန်မာနိုင်ငံ၏COVID-19 တိုက်ဖျက်ရေးကို ပို၍ ကောင်းမွန်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရန်  ကုမ္ပဏီအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ထုတ်လုပ်နိုင်သည့်  စက်ရုံကို  မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် ဦးကိုကိုလှိုင်က ကြိုဆိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။ 

COVID-19 ကပ်ရောဂါသည် လူသားအားလုံး၏အန္တရာယ်ကြီးဖြစ်ရာ ယခုအချိန်တွင် နိုင်ငံတကာအတသိုက်အဝန်းအနေဖြင့် အတူစည်းလုံးညီညွတ်စွာ  တိုက်ဖျက်မှသာ ကပ်ကြီးကို အနိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)