Connect with us

WORLD

အီတလီနိုင်ငံတွင် COVID-19 ရောဂါလူနာ ၄၂,၀၇၅ ဦး အထိ ကျဆင်းလာ

အီတလီနိုင်ငံ လာဇီယိုဒေသ၏ မြင်ကွင်းများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဇွန် ၁ ရက်(ဆင်ဟွာ) 

အီတလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသော လူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၁,၆၁၆ ဦး လျော့နည်းခဲ့ပြီး ယခုအခါ ၄၂,၀၇၅ ဦး အထိ ကျဆင်းသွားခဲ့ကြောင်း အီတလီ မြို့ပြကာကွယ်ရေးဌာနက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ 

လက်ရှိ အီတလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူများအနက် ၃၅,၂၅၃ ဦးသည် နေအိမ်တွင် သီးခြားခွဲထားနေထိုင်သူများ ဖြစ်ပြီး ဆေးရုံတွင် သာမန်ဆေးကုသမှုခံယူနေသူ ၆,၃၈၇ ဦး၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ ၄၃၅ ဦး ရှိရာ ပြီးခဲ့သောရက်ကထက် ၂၉၃ ဦးနှင့် ၁၅ ဦး အသီးသီးလျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အီတလီနိုင်ငံ လာဇီယိုဒေသ၏ မြင်ကွင်းများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ လာဇီယိုဒေသ၏ မြင်ကွင်းများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ လာဇီယိုဒေသ၏ မြင်ကွင်းများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မေ ၃၁ ရက်က အီတလီနိုင်ငံတွင် အသစ်ထပ်တိုးအတည်ပြုလူနာ ၃၅၅ ဦးရှိရာ အတည်ပြုလူနာ စုစုပေါင်း ၂၃၃,၀၁၉ ဦး၊ အသစ်ထပ်တိုး ရောဂါသက်သာပျောက်ကင်းသွားသူ ၁,၈၇၄ဦး ၊  စုစုပေါင်းရောဂါသက်သာပျောက်ကင်းသွားသူ ၁၅၇,၇၀၇ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၇၅ ဦးနှင့် စုစုပေါင်းသေဆုံးသူ ၃၃,၄၁၅ ဦး အသီးသီးရှိကြောင်း သိရသည်။ 

အီတလီနိုင်ငံသည် ဇန်နဝါရီ ၃၁ ရက်မှ စ၍ ၆ လကြာ ကပ်ရောဂါဖြေရှင်းရေးအရေးအပေါ်အခြေအနေအဖြစ်ဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်တွင်စတင်ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့များပိတ်ဆို့မှုများကို မေ ၃ ရက် အထိ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ မေ ၄ ရက်မှစ၍ ကပ်ရောဂါတိုက်ဖျက်ရေးနှင့်စီးပွားရေးလုပ်ငန်းများတစ်ပြေးညီဆောင်ရွက်ရေး ဒုတိယအဆင့်ကို ဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက်တွင်  ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်၊ ဆံသဆိုင်နှင့် ပြတိုက်များကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆိုင်များ၊ဈေးဝယ်သူများအနေဖြင့်  ခပ်ခွာခွာနေခြင်း၊ပိုးသတ်ခြင်းစသည့်သက်မှတ်ချက်များကို တိကျစွာလိုက်နာကြရန် ပြဌာန်းထားကြောင်း သိရသည်။ ဇွန် ၃ ရက်မှစ၍ အီတလီတွင် ဒေသတစ်ခုနှစ်တစ်ခုအကြား လွတ်လပ်စွာ သွားလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)