Connect with us

WORLD

အမေရိကန်နိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၁.၈ သန်းထိရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ယာဉ်ထိန်းရဲတစ်ဦးအား မေ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ ဇွန် ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၃ မိနစ်ထိ နောက်ဆုံးရရှိခဲ့သော စာရင်းများအရ နိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၁,၈၀၈,၂၉၁ ဦး(၁.၈ သန်း ကျော်) ထိရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးသူ ၁၀၅,၀၀၃ ဦး ထိမြင့်တက်နေပြီဖြစ်ကြောင်း ဆိုသည်။အမေရိကန်နိုင်ငံ နယူးယောက်မြို့သည် ကူးစက်ရောဂါဒဏ် အဆိုးရွားဆုံးခံစားခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၇၁,၇၇၁ ဦး နှင့် သေဆုံးသူ ၂၉,၈၃၃ ဦးရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆိုသည်။ အခြားကူးစက်မှုအမြင့်ဆုံးခံစားရသော ပြည်နယ်များအနေဖြင့် နယူးဂျာစီ ၊ အီလီနွိုက် ၊ ကယ်လီဖိုးနီးယား နှင့် မက်ဆာချူးဆက်ပြည်နယ်တို့က ရောဂါဖြစ်ပွားသူ ၁ သိန်းကျော်ဖြင့် အသီးသီး ရှိ‌နေကြကြောင်း သိရသည်။(Xinhua)