Connect with us

VIDEO

ကပ်ရောဂါဆိုးကြီးကိုကျော်ဖြတ်ပြီးနောက် ဝူဟန့်မြို့တွင် လုပ်ငန်းများပုံမှန် အတိုင်း ပြန်လည် လည်ပတ်

ဝူဟန့်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် COVID-19 ကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ကုမ္ပဏီ လုပ်ငန်းများအားလုံး ပုံမှန်အတိုင်းပြန်လည် စတင် လည်ပတ်နေပြီဖြစ်သည်။ မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများကို ကျန်းမာရေးစစ်ဆေးမှု ခဏတာပြုလုပ်ပြီးနောက်တွင် မော်တော်ယာဉ်များအား ဝူဟန့်မြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုခဲ့သည်။ ဘတ်စ်ကားစီးနင်းသူများ အနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်း အစိမ်းရောင် ကတ်ပြားကိုင်ဆောင်ကာ စီးနင်းနိုင်ပြီး နေ့စဉ် မော်တော်ယာဉ် အစင်းရေ ၃,၀၀၀ ခန့် အထိ မြို့အဝင်အထွက် ပြန်လည်ပြုလုပ်နေကြပြီဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ကြောင်း အစိမ်းရောင်ကတ် ကိုင်ဆောင်ထားသူတိုင်း မြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုထားသလို ပုံမှန်လုပ်ငန်းများလည်း  ပြန်လည် လည်ပတ်နေကြပြီဖြစ်ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.