Connect with us

VIDEO

တရုတ်နိုင်ငံအစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မြန်မာနိုင်ငံ အစိုးရထံသို့ ပေးပို့လှူဒါန်း 

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် နှာခေါင်းစည်း(Mask)များ ၊ အကာအကွယ်ဝတ်စုံများ နှင့် စမ်းသပ်ကိရိယာများ ပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယ အသုတ် ဆေးပစ္စည်း ကိရိယာများအား မတ် ၂၆ ရက်ည သန်းခေါင်အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ တန်ရှိကြောင်း နှင့် ယခုအကြိမ်မတိုင်မီ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.