Connect with us

VIDEO

2020 ပြည့်နှစ်တွင် နေရာယူလာသော စက်ရုပ်များ၏ အခန်းကဏ္ဍ

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးကဏ္ဍတွင် စက်ရုပ်များ ပါဝင်ဆောင်ရွက်ခဲ့သည်။

ပိုးသတ်ဆေးဖျန်းစက်ရုပ်ကို ဝူဟန့်မြို့ရှိ ဆေးရုံများတွင် COVID-19 တိုက်ဖျက်ရေးဆောင်ရွက်ရာ၌ အသုံးပြုခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရှိ ဆေးရုံတွင် AI နည်းပညာသုံး ပိုးသတ်ဆေးဖျန်းစက်ရုပ်ကို အသုံးပြုခဲ့သည်။

၎င်းစက်ရုပ်များသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ ဝန်ထုတ်ဝန်ပိုးကိုလျှော့ချပေးရာရောက်သည့်အပြင် ရောဂါကူးစက်မှု အန္တရာယ်ကိုလျှော့ချပေးနိုင်သည်။

ပစ္စည်းများပို့ဆောင်ပေးသည့်စက်ရုပ် ကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဆေးရုံတွင်အသုံးပြုပြီး ဆေးဝါးများနှင့် သွေးနမူနာများသယ်ဆောင်ရာတွင်အသုံးပြုသည်။

ထို့အပြင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် ပြည်သူများအပြန်အလှန်ရောဂါပိုးကူးစက်မှုမရှိစေရန် လတ်ဆတ်သည့်ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများအား သယ်ဆောင် ‌‌ဝေငှရာ၌လည်း ပစ္စည်းပို့စက်ရုပ်များကို အသုံးပြုခဲ့သည်။

ကိုယ်အပူချိန်တိုင်းတာသည့် စက်ရုပ် 5G နည်းပညာသုံး ကင်းလှည့်စက်ရုပ်သည် လူသားများကို ကိုယ်အပူချိန်တိုင်းတာပေးနိုင်သည်။ ယင်းစက်ရုပ်သည် တစ်ကြိမ်လျှင် လူ၁၀ ဦးကို တပြိုင်နက် ကိုယ်အပူချိန်တိုင်း နိုင်သည်။

စက်ရုပ်များသည် လူသားတို့၏ ကျန်းမာရေးကဏ္ဍတွင် အထောက်အကူပြုရုံသာမက ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်လည်း အကူအညီဖြစ်စေသည်။

ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုအရှိန်မြှင့်တင်ပေးပြီး စက်ရုံများနှင့် လုပ်ငန်းခွဲရုံများ၏ လုံခြုံရေးကို စောင့်ကြပ်ပေးနိုင်သည်။

ကုန်ထုတ်လုပ်ငန်းများ၌သာမက လယ်ယာစိုက်ပျိုးရေးတွင်လည်း စက်ရုပ်များဖြင့်အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ပြည်သူများ၏ လူနေမှုဘဝတွင် အံဝင်ခွင်ကျဖြစ်စေမည့် ဝန်ဆောင်မှုများဖြင့် စက်ရုပ် များက တဖြည်းဖြည်းနေရာယူလာခဲ့သည်။

စားဖိုမှူးစက်ရုပ်များက ရေခဲမုန့်များ၊ ဟမ်ဘာဂါများကိုပြုလုပ်ပေးနိုင်သည့်အပြင် တရုတ် ရိုးရာ ဟင်းလျာများကိုလည်း ချက်ပြုတ်ပေးနိုင်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ် ကျိနန်မြို့၌ ဖွင့်လှစ်ထားသည့် စမတ်စားသောက်ဆိုင်တွင် စက်ရုပ်စားဖိုမှူးများကို အသုံးပြုကာ ဝန်ဆောင်မှုပေးခဲ့သည်။

အားကစား ကဏ္ဍ၌လည်း စက်ရုပ်များက ပါဝင်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အားကစား တက္ကသိုလ်တွင် စားပွဲတင် တင်းနစ် စက်ရုပ် နည်းပြ ကို အသုံးပြုခဲ့သည်။ အဆိုပါ စားပွဲတင် တင်းနစ် စက်ရုပ် နည်းပြတွင် တင်းနစ်ဘောလုံး ရိုက်နိုင်သည့် လက်တံများ တပ်ဆင် ကာ ကမ္ဘာ့ ပထမဆုံး စီးပွားဖြစ်ထုတ်လုပ်ထားသည့်  စက်ရုပ်အမျိုးအစားဖြစ်လာသည်။ ထို့အပြင် လုံခြုံရေးနှင့် လူသားတို့၏ အဖော်အဖြစ် ခွေးစက်ရုပ်များကိုလည်း အသုံးပြုရန်ထုတ်လုပ်ထားသည်။

ဤသို့ဖြင့် စက်ရုပ်များသည် လေထုထဲ၌ သာမက မြေပြင်နှင့် ရေပြင်ထိပါ ထိုးဖောက်ကာ စွမ်းဆောင်မှုပေးနိုင်ကြပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.