Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

VIDEO

COVID-19 ကပ်ရောဂါဆိုးကြီးကို အဆုံးသတ်ရန် တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်မှုအရေးတကြီးလိုအပ်လျှက်ရှိ

နယူးယောက်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားခဲ့သည်မှာ နှစ်ဝက်နီးပါးခန့်ရှိလာပြီဖြစ်သည်။ လက်ရှိတွင် တစ်ကမ္ဘာလုံး၌ COVID-19 ကူးစက်ခံရသူဦးရေပေါင်း ၁၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရသိရသည်။

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကူးစက်ခံရသူဦးရေပေါင်း ၃သန်းကျော်အထိ ရှိလာခဲ့ပြီးနောက် ကပ်ရောဂါဖြစ်ပွားမှု အများဆုံးဗဟိုချက်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုပြီးနောက် ကူးစက်ခံရမှုအများဆုံးနိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ကူးစက်ခံရမှုလူဦးရေမှာ အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရမှု၏ ထက်ဝက်ခန့်ရှိလာသည်။ နိုင်ငံအများစုမှာ ဖြေလျှော့မှုများနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည် ဖွင့်လှစ်စတင်ရန် ဆိုင်းငံ့ထားလျှက်ရှိသည်။

ဥရောပသမဂ္ဂ စီးပွားရေး ကော်မရှင်နာ ပေါ်လို ဂျန်တီလီယွန်နီက “ နိုင်ငံတွေမှာ ကျဆင်းမှုတွေ အရှိန်ပြန်ရလာမှုတွေ အမျိုးမျိုးရှိနေပါတယ် ဒါတွေဟာ အသွားအလာ ကန့်သတ်မှုတွေနဲ့ ထိန်းချုပ်မှုတွေကို အချိန်ကိုက်လုပ်ဆောင်နိုင်မှုနှင့် တင်းတင်းကြပ်ကြပ်ဆောင်ရွက်နိုင်မှု အနေအထားတွေနဲ့ ဆက်စပ်နေပါတယ်၊ ဒါ့အပြင် မတူညီတဲ့ စီးပွားရေးတည်ဆောက်မှုပုံစံတွေနဲ့လည်းဆက်နွယ်မှုရှိနေပါတယ် ။

ဥပမာ ခရီးသွားကဏ္ဍများနှင့် ဝန်ဆောင်မှုကဏ္ဍများကဲ့သို့ လူအချင်းချင်းဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုပိုများတာပေါ့” ဟုဆိုသည်။ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများက အချင်းချင်းညှိနှိုင်း၍  သိပ္ပံနည်းကျဖြင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလုပ်ဆောင်ကာ ကပ်ရောဂါ ကို အဆုံးသတ်ရန် တိုက်တွန်းထားပါသည်။ ကမ္ဘာ ကျန်းမာရေးအဖွဲ့ချုပ် အရေးပေါ်ကျန်းမာရေးအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန်က “ အဲဒီဗိုင်းရပ်စ်က လူသားမျိုးနွယ်တွေဆီ ဘယ်လို နည်းနဲ့ ဝင်ရောက်ခဲ့တယ် ဆိုတဲ့ လမ်းကြောင်းနဲ့ နောက်ခံအကြောင်းတရားတို့ကို နားလည်ခြင်းက အင်မတန်မှ အရေးကြီးလှပါတယ်” ဟု ဆိုသည်။ 

ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းဂျွန်က “ ပြည်သူများရဲ့ကျန်းမာရေးဟာ ကျန်းမာရေးစနစ် အားနည်းတဲ့ နိုင်ငံတွေဖြစ်တဲ့ တောင်ဆူဒန်၊ မာလီနှင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွေမှာလိုနိုင်ငံမျိုးတွေမှာ ပြင်းပြင်းထန်ထန်ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာရှိနေပါတယ်
ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းတွေကလည်း အစိုးရတွေကို လုပ်ဆောင်နိုင်စွမ်းပိုမိုအားကောင်းစေရန် ကူညီပံ့ပိုးပေးခြင်း၊ သက်ဆိုင်ရာအစိုးရနှင့်ပြည်သူများ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီခြင်း၊ ပြည်သူဗဟိုပြုဆောင်ရွက်ခြင်းနှင့်  ပြည်သူတွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ ကျန်းမာရေးနှင့် ဘဝ အာမခံချက်ရရှိစေဖို့ဆောင်ရွက်ပေးရပါမယ်။” ဟုဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က “ အချို့နိုင်ငံတွေဟာ ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေမှာ အဆိုးဆုံးအခြေအနေတွေကိုရင်ဆိုင်နေကြရပါပြီ၊  အချို့ကတော့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ရုန်းကန်နေကြရပြီးတော့ တိုးတက်မှုတွေ ပြန်လည် ဆုတ်ယုတ်သွားနိုင်တဲ့ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်၊ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ဒါဟာ ကျန်းမာရေးနှင့် အလုပ်အကိုင်၊ စီးပွားရေးအကြားရွေးချယ်စရာမဟုတ်ပါဘူး၊ သူတို့ဟာ အချင်းချင်းချိတ်ဆက်နေကြတာပါ၊ ဒါကြောင့် အောင်မြင်ရင်လည်း ထိုအရာအားလုံးအောင်မြင်သွားမှာဖြစ်သလို ကျရှုံးရင်လည်း ထိုအရာအားလုံးကျရှုံးမှာပါ” ဟုဆိုသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.