Connect with us

VIDEO

COVID-19 တဖန် ပြန်လည်ဖြစ်ပွားခြင်းက အမေရိကန်နိုင်ငံ၏ စီးပွားရေးနာလံထူမှုအပေါ်တွင် အဟန့်အတားဖြစ်စေ

နယူးယောက်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၂၀ ကျော်တွင်  မကြာသေးမီ သတင်းပတ်များအတွင်းက COVID-19 ပြန်လည်ဖြစ်ပွားနေစဉ်အတွင်း စီးပွားရေး ပြန်လည်စတင်မှုများကို ခေတ္တ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရပ်နားထားခဲ့ရကြောင်းသိရသည်။

 ဇူလိုင် ၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်ခံရသူ ဦးရေမှာ ၃သန်းကျော်လွန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားမှုဟာ ပြည်သူများအတွက် ယုံကြည်မှုကိုလျော့ပါးစေခဲ့ပြီးနောက်   စားသုံးသူများ၏ သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင်လည်း လျော့ကျစေကာ နိုင်ငံအနှံ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အနှောင့်အယှက်များဖြစ်စေခဲ့သည်။

ထို့အပြင် ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဝင်ငွေ၊ ကြွယ်ဝမှု၊ အခွင့်အရေးနှင့် လူမျိုးစုအကြား မညီမျှမှုများကို ပိုမိုဆိုးဝါးလာစေခဲ့သည်။

လက်ရှိစီးပွားရေးကျဆင်းမှု ကြာရှည်လေလေ(သို့မဟုတ်) ပြန်လည်နာလန်ထူမှု ပိုမို အားနည်းလေလေ အမျိုးသမီးများ၊ လူနည်းစု၊ လူငယ်များနှင့်ကျွမ်းကျင်မှုနည်းပါးသောအလုပ်သမားများအတွက် ထိခိုက်မှုပိုမိုကြီးမားလေလေဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင်များနှင့် အရာရှိ များက ကသတိပေးပြောကြားထားကြသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.