Connect with us

VIDEO

ဘရာဇီးနိုင်ငံသမ္မတ COVID-19 ကူးစက်ခံရ 

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ Jair Bolsonaro အနေဖြင့် COVID-19 ကူးစက်ခံထားရကြောင်းကို ဇူလိုင်၇ ရက် ကပြုလုပ်သော ဆေးစစ်မှုရလဒ်အား ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကြေညာခဲ့သည်။“ကျွန်တော့်အနေနဲ့ပြောရရင် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လူထုအကြား ထိတ်လန့်မှုမဖြစ်စေဖို့ စစ်ဆေးမှုကို သေသေချာချာ လုပ်ဆောင်ခဲ့တာပါ။ အနှေးနဲ့အမြန်ပဲပေါ့ အဖြေကို အားလုံး သိကြမှာ။ ဒီရောဂါက လူထုထဲ အနည်းနဲ့ အများဆိုသလိုပျံ့နှံ့နေတာပေါ့ ၊ ဥပမာ ကျွန်တော်သာ စစ်ဆေးမှုကိုမခံယူလိုက်ဘူးဆိုရင် ကူးစက်ခံထားရခြင်းရှိ မရှိ အဖြေကိုသိမှာမဟုတ်ဘူး စစ်ဆေးကြည့်လိုက်လို့သာ positive ဖြစ်တယ်ဆိုတာကိုသိလိုက်တာပါ။ ကျွန်တော် တနင်္ဂနွေနေ့က နေလို့ထိုင်လို့သိပ်မကောင်းခဲ့ဘူး တနင်္လာနေ့ကျတော့ ပိုဆိုးလာတာ နေလို့ထိုင်လို့ မကောင်းဘူး မောပန်းနေတယ် ကိုယ်တွေလက်တွေ ကိုက်ခဲနေတယ် ပြီးတော့ အဖျားလည်း ၃၈ ဒီဂရီ (၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ပါတယ် ။ ကျွန်တော် အင်္ဂါနေ့ညနေ ၅ နာရီလောက်မှာ အားလုံးက ညွှန်ကြားတဲ့ ဆေးစသောက်ပါတယ်။

ညဘက်တွေမှာ မကြာခဏဆိုသလို အိပ်ရာက နိုးနေကြပေမဲ့ သန်းခေါင်လောက်အရောက်မှာတော့ နည်းနည်းသက်သာလာပါတယ်။ မနက် ၅ နာရီလောက်မှာ ဒုတိယမြောက်ဆေး Hydroxy ကလိုရိုကွင်းကို သောက်ပါတယ်။ ကျွန်တော် အပြည့်အဝ နေပြန်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် အခုကုသမှုခံယူနေတာ အခြားသူတွေကို မကူးစက်စေဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒီလိုပဲ ဘရာဇီးနိုင်ငံသားတစ်ယောက်ချင်းစီကလည်း သူတို့ဟာ သာမန်ပြည်သူပဲဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် အခြားသူကိုမကူးစက်စေဖို့ တာဝန်ခံမှု ရှိရှိနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။” ဟု သမ္မတ Jair Bolsonaro က ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.