VIDEO
တရုတ်နိုင်ငံ နယ်စပ်ရွှေလီမြို့၌ တတိယအကြိမ်မြောက် မြို့လုံးကျွတ်COVID-19 စစ်ဆေးမှု စတင်(ရုပ်သံ)
ကူမင်း ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့၌ COVID-19 အတွက် မြို့လုံးကျွတ် nucleic acid စစ်ဆေးခြင်း တတိယအကြိမ်မြောက် အား ဧပြီ ၁၁ ရက်တွင် စတင်ကြောင်း ဒေသအစိုးရထံမှ သိရသည်။ ရွှေလီမြို့၌ ဒေသတွင်း ရောဂါဖြစ်ပွါးမှုအသစ်များစွာ ဖော်ထုတ်ခဲ့ပြီး ဒုတိယအကြိမ် တစ်မြို့လုံးအနှံ့ စစ်ဆေးမှုအား ပြုလုပ်ခဲ့ရာ COVID-19 ရောဂါပိုးရှိသော ဓာတ်ခွဲနမူနာ ၁၈ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ စုစုပေါင်း ဓာတ်ခွဲနမူနာ ပေါင်း ၃၈၂,၅၆၈ ခုအား စုဆောင်းစစ်ဆေးထားကြောင်း သိရသည်။ ဧပြီ ၉ ရက်အထိ အတည်ပြုလူနာ ၈၈ ဦး နှင့် ရောဂါလက္ခဏာမပြသော လူနာ ၃၃ ဦးအား ယူနန်ပြည်နယ်ရှိ သတ်မှတ်ထားသော ဆေးရုံများ၌ ကုသမှု သို့မဟုတ် ဆေးဘက်ဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)