Connect with us

WORLD

ကပ်ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာသဖြင့် အီတလီနိုင်ငံရှိ ဒေသအများစုတွင် ကန့်သတ်ချက်များ လျှော့ချ

အီတလီနိုင်ငံ ရောမမြို့ရှိ Via dei Condotti တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အီတလီနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု တိုးတက်လာကြောင်း ရောဂါကူးစက်ပျံ့နှံမှုဆိုင်ရာနောက်ဆုံးရ ပုံရိပ်များ ပြသခဲ့ပြီးနောက် ဒေသ ၂၀ အနက် အများစု၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များ လျှော့ချခဲ့ကြောင်း သိရသည်။

စစ္စလီ၊ ဆာဒီးနီးယား၊ အပူလီယားနှင့် အမ်ဘရီးယား ဒေသများနှင့် အရှေ့မြောက်ပိုင်း ဘိုလ်ဇာနို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်သာ အမည်ခံ လိမ္မော်ရောင်အဆင့်ကျန်ရှိတော့ကြောင်း၊ ဆိုလိုသည်မှာ ရောဂါကူးစက်နိုင်ခြေအန္တရာယ် အလယ်အလတ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အခြားသော ဒေသများအားလုံး အဝါရောင်အဆင့်ကိုပြောင်းလဲသွားပြီဖြစ်ပြီး စားသောက်ဆိုင်များ၊ ဘားများနှင့် အခြားသော စားသောက်စရာနေရာများအားလုံးတွင် ညနေ ၆:၀၀ နာရီအထိ ဆိုင်ထိုင်စားသောက်ခွင့် ပြန်ခွင့်ပြုလိုက်ပြီဖြစ်သည်။ လက်ရှိတွင် နိုင်ငံအတွင်း မည်သည့်ဒေသတွင်မျှ အနီရောင်အဆင့် သတ်မှတ်ထားခြင်း မရှိတော့ပေ။

အီတလီနိုင်ငံ ရောမမြို့ Ponte Sant’Angelo တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရောဂါကူးစက်မှုနှုန်းနှင့် ဒေသတွင်း ဆေးရုံများ၏ အခြေအနေအရ ရောဂါကူးစက်မှု မြင့်မားအဆင့်၊ အလယ်အလတ်နှင့် သာမန် အဆင့်ကိုယ်စားပြုထားသည့် အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင် ဟူ၍ အဆင့်သုံးဆင့်ပါသော စနစ်ကို နိုဝင်ဘာလကတည်းက အကောင်အထည်ဖော်ခဲ့သည်။

ထို့ပြင် နိုင်ငံတစ်ဝန်း ည၁၀:၀၀ နာရီမှ နံနက် ၅:၀၀ နာရီအထိ ညမထွက်ရ အမိန့် ဆက်လက်တည်ရှိနေဆဲ ဖြစ်သလို ဒေသတစ်ခုနှင့် တစ်ခုအတွင်း အလုပ်၊ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စများ စသည့်အကြောင်းပြချက်မှလွဲ၍ အကြောင်းခိုင်လုံမှုမရှိဘဲ ခရီးသွားလာမှုပိတ်ပင်ထားကြောင်း သိရသည်။

အဝါရောင်အဆင့် သတ်မှတ်ထားသောဒေသများတွင် မူကြို အပါအဝင် အခြေခံပညာကျောင်းများ အားလုံး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အပြည့်အဝပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၇၀ မှ ၇၅ ရာခိုင်နှုန်းကို ၎င်းတို့၏စာသင်ခန်းများတွင် တက်ရောက်ခွင့်ပြုခဲ့သလို ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား အဝေးရောက်သင်ကြားရေးမှ တစ်ဆင့်သင်ကြားနိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

လူချင်းခပ်ခွာခွာနေထိုင်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စည်းမျဉ်းစည်းကမ်းများအားလုံးကို လိုက်နာစေလျက် ပြတိုက်များနှင့် အနုပညာပြပွဲများကိုလည်း ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် အရေးယူဆောင်ရွက်ချက်များ လျှော့ချရန် ဆုံးဖြတ်ချက်သည် အမျိုးသား ကျန်းမာရေး အင်စတီကျု (ISS) က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးရ ရောဂါကူးစက်ပျံ့နှံမှုစစ်တမ်းအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခြုံပြီးပြောရရင် အခြေအနေတွေက ဖြစ်ရပ်အရ (ရောဂါဖြစ်ပွားသူအရေအတွက်) နဲ့ ကျန်းမာရေးဝန်ဆောင်မှု သက်ရောက်မှု နှစ်ခုလုံးမှာ တိုးတက်မှု လက္ခဏာတွေ ပြနေပါတယ်” ဟု ISS က နောက်ဆုံးရအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော်လည်း အခြားဥရောပနိုင်ငံများရှိ ကပ်ရောဂါအခြေအနေက ဆိုးဝါးနေကြောင်းနှင့် “လာမယ့် သီတင်းပတ်တွေမှာ ရောဂါဖြစ်ပွားမှုအရေအတွက်တွေက တိုးလာနိုင်ခြေရှိတယ်” ဟု ISS ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်အထိ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ ၂.၅၆ သန်းကျော်ရှိခဲ့ပြီး လက်ရှိ ရောဂါကူးစက်မှုမှာ ၄၄၇,၅၈၉ ဦးရှိရာ ဒီဇင်ဘာလ အစောပိုင်းမှစ၍ ကျဆင်းလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ရောဂါမှပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ဇန်နဝါရီ ၃၀ ရက်အထိ ၂ သန်းကျော်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည်ကျန်းမာလာသူဦးရေ ၁၃,၉၇၅ ဦး အသစ်ထပ်တိုးလာခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူအရေအတွက်အနေဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ၃၂၉ ဦးသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူဦးရေ ၈၈,၈၄၅ ဦး ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်အထိ အီတလီနိုင်ငံရှိ ပြည်သူ ၂ သန်းကျော်မှာ ခွင့်ပြုချက်ရရှိထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ခုအနက် တစ်ခုကို ထိုးနှံပြီးဖြစ်ကြောင်း အရေးပေါ်အခြေအနေကော်မရှင်နာ Domenico Arcuri က ပြောခဲ့သည်။

၎င်းတို့တွင် Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး တစ်မျိုးမျိုး ဒုတိယအကြိမ် ထိုးနှံပြီးသူများလည်း ပါဝင်ကြောင်း သိရသည်။

ခွင့်ပြုချက်ရရှိထားသော COVID-19 ကာကွယ်ဆေးဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းများ ဥရောပနိုင်ငံများစွာ၌ စတင်လျက်ရှိပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးလျှောက်ထားမှု ၂၃၇ ခုရှိပြီး ယင်းအနက် ၆၃ ခုမှာ ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် အပါအဝင် နိုင်ငံများ၌ လက်တွေ့စမ်းမှုများ လုပ်ဆောင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။ (Xinhua)

———————————————
(English Version)

Italy eases restrictions in most regions as pandemic trend improves
ROME, Feb. 1 (Xinhua) — Coronavirus restrictions were eased in most of Italy’s 20 regions on Monday after the latest epidemiological picture showed an improving pandemic trend in the country.
Only Sicily, Sardinia, Apulia, and Umbria, plus the northeast autonomous province of Bolzano remained in the so-called “orange zone” — meaning they were still facing a medium risk of contagion.
All the other regions turned yellow, which allowed restaurants, bars, and any other eateries to resume their activities indoors up to 6 p.m. No area in the country was currently in the red zone.
In the yellow regions, kindergartens and schools of all grades fully reopened on Monday, with 70 to 75 percent of pupils allowed to attend classes in their classrooms, and the rest following through remote learning.
Also, museums and art exhibitions were allowed to reopen on Monday, provided that they were able to comply with social distancing and all other sanitary rules.
The decision to reduce the tight anti-COVID measures resulted from the latest epidemiological survey unveiled by the National Health Institute (ISS) on Saturday.
“Overall, the situation shows signs of improvement both in terms of incidence (number of cases on overall population) and of impact on health services,” the ISS stated in its latest report.
However, ISS experts noted that the pandemic situation in other European countries was worsening and therefore “a new quick increase in the number of cases in the coming weeks is possible.”
As of Monday, Italy has registered over 2.56 million coronavirus cases, according to the Health Ministry. Active infections decreased by 6,379 cases to a total of 447,589 on a daily basis, confirming a downward trend seen since early December.
The number of recoveries — which exceeded 2 million on Saturday — showed a new rise of 13,975 cases on Monday against the previous day.
The country’s death toll stood at 88,845, with 329 new fatalities over the last 24 hours.
By Monday, over 2 million people in Italy have been administered one of the two authorized coronavirus vaccines, according to emergency commissioner Domenico Arcuri.
These included 674,27 people who have received two doses of either Pfizer-BioNTech or Moderna vaccine.
Vaccination campaigns with authorized COVID-19 vaccines are underway in many European countries. Meanwhile, 237 candidate vaccines are still being developed worldwide — 63 of them in clinical trials — in countries including Germany, China, Russia, Britain and the United States, according to information released by the World Health Organization on Jan. 29. ■
1- People wearing face masks walk on Via dei Condotti in Rome, Italy, Jan. 27, 2021. (Xinhua/Cheng Tingting)
2- People wearing face masks walk on Ponte Sant’Angelo in Rome, Italy, Jan. 19, 2021. (Xinhua/Cheng Tingting)