Connect with us

WORLD

ရုရှားနိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် ပြောကြား 

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒ ဆိုင်ရာ အမျိုးသား သုတေသနဌာန (NIC) "N.F. Gamalea”တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနပြုလုပ်နေသည်ကို ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း သုတေသနပြုထုတ်လုပ်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မှတ်ပုံတင်ပေးလိုက်ပြီဖြစ်ကြောင်း  ရုရှားနိုင်ငံ သမ္မတ ပူတင်က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ 

“ကျွန်တော့် သမီးလည်း ကာကွယ်ဆေးထိုးထားတယ်၊ နေလို့ကောင်းပါတယ်။ မကြာမီ အမြောက်အမြား စတင် ထုတ်လုပ်နိုင်မယ်လို မျှော်လင့်တယ်”ဟု ပူတင်က ဆိုသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒ ဆိုင်ရာ အမျိုးသား သုတေသနဌာန  (NIC) “N.F. Gamalea”တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနပြုလုပ်နေသည်ကို ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါကာကွယ်ဆေးသည် ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒ ဆိုင်ရာ အမျိုးသား သုတေသနဌာန  (NIC) “N.F. Gamalea”က သုတေသနပြုထုတ်လုပ်ခြင်း ဖြစ်ပြီး ကာကွယ်ဆေးလိုအပ်သည့် စမ်းသပ်စိစစ်မှုများ အောင်မြင်ခဲ့ကြောင်း ၊ စွမ်းရည်ပြည့်ဝပြီး ပဋိပစ္စည်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ပူတင်က ယင်းနေ့တွင် မော်စကိုရှိ သမ္မတ အိမ်တော်၌ အစိုးရ အရာရှိများနှင့် ဗွီဒီယိုမှတစ်ဆင့် ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု သမ္မတရုံး ဝဘ်ဆိုက်၏ ဩဂုတ် ၁၁ ရက် သတင်းများအရ သိရသည်။ 

သမီးဖြစ်သူသည် ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်ခဲ့ရာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးပြီဖြစ်ကြောင်း ပူတင်၏ မိတ်ဆက် ပြောကြားချက်များအရ သိရသည်။ 

“သူပထမအကြိမ် ကာကွယ်ဆေးထိုးတော့ ကိုယ်ပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့တယ်။ ဒုတိယအကြိမ်မှာတော့ ၃၇ ဒီဂရီ စင်တီဂရိတ်လောက် ပြန်ကျသွားတယ်။ တခြား လက္ခဏာမရှိဘူး။ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးနောက် ကိုယ်ပူချိန်က အနည်းငယ်မြင့်သွားပြီး ပုံမှန်ပြန်ဖြစ်သွားတယ်၊ နေထိုင်ရတာတော့ကောင်းပါတယ်၊ခန္ဓာကိုယ်တွင်းမှာရှိတဲ့ antibody ကလည်း မြင့်လာတယ် ။ စမ်းသပ်ခံကြသူ အမြောက်အမြားကတော့ ကာကွယ်ဆေးထိုးပြီးရင် ကိုယ်ပူချိန်က ပုံမှန်ပါပဲ”ဟု ဆိုသည်။ 

ကိုရိုနာဗိုင်းရပ်စ်၏ လုံခြုံရေးနှင့် ထိရောက်မှုကို အာမခံနိုင်ရန်မှာ အရေးကြီးဆုံးဖြစ်ကြောင်း၊ မကြာမီကာလတွင် ကာကွယ်ဆေးလိုအပ်သူများ အသုံးပြုနိုင်ရန် အမြောက်အမြား ထုတ်လုပ်နိုင်ရန် မျှော်လင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ယနေ့အချိန်အထိ ရုရှားနိုင်ငံတွင် သိပ္ပံသုတေသန ဌာန ၁၇ ခုက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံး ၂၆ မျိုးကို သုတေသနပြုလျက်ရှိရာ “N.F. Gamalea” ၏ ယခု ကာကွယ်ဆေး သုတေသနတိုးတက်မှုမှာ အမြန်ဆုံးဖြစ်ကြောင်း ရုရှား သတင်းမီဒီယာများ၏ သတင်းများအရ သိရသည်။ “N.F. Gamalea”၏ ယင်းကာကွယ်ဆေးသည် ပထမအဆင့်နှင့် ဒုတိယအဆင့် စမ်းသပ်မှုကို ဇူလိုင် ၁၅ ရက်နှင့် ဩဂုတ် ၃ ရက်တွင် အသီးသီး ဆောင်ရွက်ပြီးစီးခဲ့ရာ ရုရှားကာကွယ်ဆေး လုံခြုံရေးနှင့်ထိရောက်မှု စံချိန်စံညွှန်းပြည့်မီခဲ့ကြောင်း၊ အစီအစဉ်အရ ယခုလအတွင်းတွင် တတိယအဆင့် စမ်းသပ်မှုကို လူ ၂,၀၀၀ ခန့်ဖြင့် ၅လကြာ  စမ်းသပ်ကုသသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရုရှားနိုင်ငံ ရောဂါကာကွယ်ရေး ညွှန်ကြားမှုဌာန၏ ဩဂုတ် ၁၁ ရက် သတင်းများအရ ပြီးခဲ့သော် ၂၄ နာရီအတွင်းတွင် ရုရှားနိုင်ငံအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၄,၉၄၅ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၁၃၀ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၈၉၇,၅၉၉ ဦး နှင့် သေဆုံးသူ ၁၅,၁၃၁ ဦးရှိကြောင်းနှင့် အသစ်ထပ်တိုး ရောဂါပျောက်ကင်းသွားသူ ၆,၄၉၄ဦးဖြင့် စုစုပေါင်း ရောဂါပျောက်ကင်းသူ ၇၀၃,၁၇၅ ဦး ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.