Connect with us

WORLD

ဘောလုံးဘုရင်ပီလီ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူ ၊ သတိပြုကြရန် တိုက်တွန်း

ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီအား တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေရိုး ၊ မတ် ၃ ရက်(ဆင်ဟွာ)

ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး“ လုံးဝမမေ့နိုင်စရာ” ဖြစ်ကြောင်း နှင့် ကပ်ရောဂါအဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အသက် ၈၀ နှစ်အရွယ် ပီလီသည် ဘရာဇီးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံခြင်း ပြုလုပ်ခဲ့ပြီးနောက် ၆ ပတ်အကြာ မတ် ၂ ရက်တွင် ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ခြင်းဖြစ်သည်။“ဒီနေ့ဟာ ဘဝမှာ လုံးဝ မမေ့နိုင်စရာ နေ့တစ်နေ့ပါပဲ ၊ ကျွန်တော်ကာကွယ်ဆေးထိုးပြီးပါပြီ ” ဟု ဘောလုံးဘုရင် ပီလီက ၎င်း၏ အင်တာဂရမ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ ကပ်ရောဂါက အဆုံးမသတ်သေးပါဘူး၊ လူ့အသက်တွေကို ကယ်တင်ဖို့ ကျွန်တော်တို့ဟာ စည်းကမ်းတွေကို ဆက်လက်လိုက်နာရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ ကာကွယ်ဆေး မထိုးရသေးလို့ပါပဲ ၊ အကယ်၍ တစ်ယောက်ကို တစ်ယောက်စဉ်းစားပေးရင် ဒါဟာ တစ်ယောက်ကိုတစ်ယောက် ကူညီခြင်းပဲဖြစ်ပါတယ် ” ဟု၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ပီလီက မည်သည့် ကာကွယ်ဆေးအမျိုးအစားထိုးနှံမှုခံယူခဲ့သည် သို့မဟုတ် ယခုအကြိမ်ထိုးနှံမှုသည် ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ပီလီသည် မကြာသေးခင်နှစ်များက ကျန်းမာရေးချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ၊ ပြီးခဲ့သောနှစ် မတ်လက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါဖြစ်ပေါ်နေသည်ကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက်တွင် ၎င်းသည် တစ်ဦးတည်းသီးခြားခွဲ နေထိုင်ခဲ့ကြောင်း သိရသည်။

ပီလီသည် ကမ္ဘာပေါ်တွင် ကမ္ဘာ့ဖလား သုံးကြိမ် ရရှိခဲ့ဖူးသည့်တစ်ဦးတည်းသော ဘောလုံးသမားဖြစ်ပြီး ၊ ထာဝရအကြီးကျယ်ဆုံး ဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်က သူသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ရာစုနှစ်အကောင်းဆုံးဘောလုံးသမားဆုကို ပြီးခဲ့သောနှစ် နိုဝင်ဘာလက အသက် ၆၀ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့သည့် အာဂျင်တီးနားဘောလုံးအကျော်အမော မာရာဒိုနာနှင့်အတူ ပူးတွဲချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။(Xinhua)

——————————————————-
(English Version)

Pele receives COVID-19 vaccine, urges caution

RIO DE JANEIRO, March 2 (Xinhua) — Brazilian football legend Pele has described his COVID-19 vaccination as “unforgettable” and called for global cooperation to end the pandemic.

The 80-year-old was inoculated on Tuesday, around six weeks after Brazil began its coronavirus vaccine rollout.
“Today was an unforgettable day. I received the vaccine,” Pele said on Instagram.

“The pandemic is not over. We must remain disciplined to save lives because many people have not yet been vaccinated. This will pass if we think of each other and help each other,” he added.

It is not known which vaccine Pele received or whether it was the first or second dose.
Pele, who has suffered from a series of health issues in recent years, has been in self-isolation since COVID-19 was declared a global pandemic last March.
The only player to win three World Cups, Pele is regarded as one of football’s greatest ever players. In 2000, he shared the award for FIFA’s best player of the 20th century with Argentine great Diego Maradona, who died last November aged 60. Enditem

Photo caption- Brazilian football legend Pele.