Connect with us

WORLD

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ ထောင်ဒဏ်(၃)နှစ် ချမှတ်ခံရ

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ ပါရီမြို့ တရားရုံးသို့ ရောက်ရှိလာသည်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ မတ် ၂ ရက်(ဆင်ဟွာ)

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ်ဆာကိုဇီ(Nicolas Sarkozy)ကို မတ် ၁ ရက်တွင် ပါရီမြို့ တရားရုံးက အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှုတို့ကို အတည်ပြုခဲ့ပြီး ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

နီကိုလပ်စ်ဆာကိုဇီ သည် ၎င်း၏ရာထူးနှင့် နိုင်ငံရေး၊ သံတမန်ရေးဩဇာဖြင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရရန် တရားသူကြီးကို ချဉ်းကပ်ရန် လုပ်ဆောင်ခဲ့ရာ ထိုလုပ်ရပ်မှာ အလွန်ဆိုးဝါးသည်ဟု အမှုစီရင်သည့် တရားသူကြီး Christine Meeက ယင်းနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

 ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ   ပါရီမြို့ တရားရုံးသို့ ရောက်ရှိလာသည်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းအမှုနှင့်ဆက်စပ်သူများကိုလည်း တစ်ပြိုင်တည်း တရားစီရင်ချက်ချခဲ့သည်။ နီကိုလပ်စ်ဆာကိုဇီ၏ ရှေ့နေဖြစ်သူ Thierry Herzogကို အကျင့်ပျက်ခြစားမှု၊ လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်ဒဏ်(၃)နှစ်၊ ဆိုင်းငံ့ပြစ်ဒဏ် ကာလ (၂)နှစ် ချမှတ်ခဲ့ပြီး ရှေ့နေလုပ်ကိုင်ခွင့် (၅)နှစ် ပိတ်ပင်ခဲ့သည်။ ယခင် အဆင့်မြင့် တရားသူကြီး Gilbert Azibertကို အကျင့်ပျက်ခြစားမှုစသည့် ပြစ်မှုများဖြင့် ထောင်ဒဏ်(၃)နှစ်၊ ပြစ်ဒဏ်ဆိုင်းငံ့ကာလ (၂) နှစ်ချမှတ်ခဲ့သည်။

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ   ပါရီမြို့ တရားရုံးသို့ ရောက်ရှိလာသည်ကို မတ်လ ၁ ရက်နေ့က တွေ့ရစဉ်(ဆင်ဟွာ)

နီကိုလပ်စ်ဆာကိုဇီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လတွင် နီကိုလပ်စ်ဆာကိုဇီသည် ၂၀၀၇ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် L’Oreal Group ၏ အမွေဆက်ခံသူ Liliane Bettencourt ထံမှ ငွေသားအမြောက်အမြားရယူခဲ့သည်ဟု သံသယဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် တရားစွဲမှုကို တရားရုံးက ရုပ်သိမ်းခဲ့သည်။ သို့သော် အမှုစစ်ဆေးစဉ် အခြားသဲလွန်စများရှိနေခြင်းကြောင့် တရားရင်ဆိုင်မှုလှိုင်းဂယက်က ရပ်စဲသွားခြင်း မရှိခဲ့ပေ။

အမှုဖြစ်စဉ်ကို တစ်ဆင့်ထပ်မံစစ်ဆေးမှုများပြုခဲ့ရာ ရှေ့နေThierry Herzogသည် L’Oreal Group ၏ Bettencourt အမှုနှင့်ပတ်သက်၍ထိုစဉ်က အဆင့်မြင့် တရားသူကြီး Gilbert Azibertနှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သလို တွေ့ဆုံဆွေးနွေးသည့် အသံဖိုင်ကိုလည်း သိမ်းထားကြောင်း သိရသည်။ အသံသွင်းချက်မှတစ်ဆင့် Gilbert Azibertရာထူးတက်ရန်အတွက် နီကိုလပ်စ်ဆာကိုဇီက ကတိပြုခဲ့ကြောင်း ၊ အပေးအယူအနေဖြင့် Bettencourt အမှုနှင့်ပတ်သက်သည့် အတွင်းသတင်းကို ပြောပြရန်ဖြစ်သည်ဟု အမှုစစ်ဘက်မှ ယူဆခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ၏ ဥပဒေသတ်မှတ်ချက်များအရ နီကိုလပ်စ်ဆာကိုဇီသည် အမှုစီရင်ချက်ချပြီး (၁၀)ရက်အတွင်း အထက်သို့ အယူခံဝင်ခွင့်ရှိကြောင်း သိရသည်။
…………………………………………
(Chinese Version)

(国际)法国前总统萨科齐被判3年有期徒刑
2021-03-02 03:24:15
  新华社巴黎3月1日电(记者徐永春)据法国媒体1日报道,法国巴黎轻罪法院当天裁定前总统萨科齐“腐败”和“以权谋私”罪名成立,判处其3年有期徒刑,其中包括1年实刑。
 据报道,案件主审法官克里斯蒂娜•梅当天表示,萨科齐“利用其身份及政治和外交影响力拉拢法官,以满足个人利益”,其行为性质“特别严重”。
 法院同时对其他涉案人员做出判决。萨科齐的律师蒂埃里•埃尔佐格因腐败和“违反职业保密”罪名被判处3年有期徒刑,缓刑两年,并被判处5年内禁止从事律师职业。
 前高级法官吉尔贝•阿齐贝尔因腐败等罪名被判处3年有期徒刑,缓刑两年。
 萨科齐2007年至2012年担任法国总统。2013年3月,萨科齐被指控涉嫌在2007年竞选总统时从欧莱雅集团女继承人利利亚纳•贝当古那里获取大量现金。2013年10月,法院裁定撤销指控。但是,调查过程中发现其他线索,案件余波未了。
  案件进一步调查结果显示,埃尔佐格曾与时任高级法官阿齐贝尔多次对话,谈及贝当古案件,而这些对话被录音留存。检方从录音证据中推断,萨科齐方面承诺帮助阿齐贝尔获得晋升,条件是后者提供贝当古案的“内幕消息”。
  根据法国法律规定,萨科齐可在法院宣判后10天内提起上诉。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.