Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 တိုက်ဖျက်ရန် နိုင်ငံပေါင်း ၄၀ ကျော်မှ အကူအညီများ ပေးအပ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ LNJP ဆေးရုံတွင် တက်ရောက်ကုသနေသည့် COVID-19 လူနာများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းအား တိုက်ဖျက်ရေးတွင် အကူအညီပေးရန် အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်မှု စက်ကိရိယာများကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးရန်နှင့် ကူညီရန် နိုင်ငံပေါင်း ၄၀ ကျော်က ကတိပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Harsh Vardhan Shringla က ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကပ်ရောဂါဒုတိယလှိုင်းကို ဆိုးဆိုးဝါးဝါးခံစားရလျက်ရှိပြီး ဧပြီ ၂၉ ရက်တွင် ရောဂါဖြစ်ပွားမှုအသစ် ၃၈၀,၀၀၀ နှင့် သေဆုံးသူ ၃,၆၄၅ ဦးရှိခဲ့ရာ စုစုပေါင်းအနေဖြင့် ရောဂါဖြစ်ပွားသူ ၁၈,၃၇၆,၅၂၄ ဦးနှင့် သေဆုံးသူ ၂၀၄,၈၃၂ ဦးအထိ ရောက်ရှိလာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ပတ်တနားမြို့တွင် COVID-19 လူနာများအတွက် ယာယီစောင့်ရှောက်မှုစင်တာအဖြစ် ပြောင်းလဲအသုံးပြုမည့် အားကစားအဆောက်အအုံတစ်ခုတွင် ဝန်ထမ်းများက အိပ်ရာများ တပ်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လူနာများအတွက် ပင်မပိုက်လိုင်းမှတစ်ဆင့် အောက်ဆီဂျင်ပေးပို့ရန် အောက်ဆီဂျင်အိုးများ ချိန်ညှိနေသည့် ဆေးရုံဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဆိုင်တစ်ဆိုင်ရှေ့တွင် COVID-19 လူနာများအတွက် ကျန်းမာရေးသုံး အောက်ဆီဂျင် ဆလင်ဒါအိုးများဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မီဒီယာအား ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထက်ပါ တာဝန်ရှိသူက အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန် နိုင်ငံတကာအကူအညီကို လက်ခံထားကြောင်း ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ ရုရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ကုန်တင်လေယာဉ်များ အိန္ဒိယသို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သလို အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ကိရိယာပါဝင်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများစွာပါဝင်သည့် လေယာဉ်များစွာလည်း လာမည့်ရက်အနည်းငယ်အတွင်း ဆိုက်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် တစ်နေ့လျှင် Remdesivir ဆေးပုလင်း ၆၇,၀၀၀ ခန့်ထုတ်လုပ်နိုင်ပြီး နောက်ထပ် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ တိုးချဲ့ထုတ်လုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ နယ်ပယ်အချို့ကို ဦးစားပေးနေရပါတယ်။ အောက်ဆီဂျင်အရည်က ဦးစားပေးနယ်ပယ်ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အောက်ဆီဂျင်ထုတ်စက်ကြီးများ၊ အောက်ဆီဂျင်ထုတ်စက်ငယ်များ၊ အောက်ဆီဂျင်အရည်အိုးများ၊ အောက်ဆီဂျင် ပို့ဆောင်ရေးကိရိယာ စသဖြင့် မည်သည့် အောက်ဆီဂျင် ထုတ်လုပ်ရေးကိရိယာမျိုးအတွက်မဆို လိုအပ်ချက်တွေရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ Remdesivir နဲ့ Tocilizumab လိုမျိုး အရေးပေါ်ဆေးဝါးထုတ်ကုန်အချို့လည်း လိုအပ်ပါသေးတယ်။ ကျွန်တော်တို့ Remdesivir ဆေးကို ထုတ်လုပ်နေပေမဲ့ ထုတ်လုပ်မှုလိုအပ်ချက်တွေက အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ လုံလောက်မှုမရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
Over 40 countries offer help to India to combat COVID-19: foreign secretary
Source: Xinhua| 2021-04-30 10:00:29|Editor: huaxia
NEW DELHI, April 30 (Xinhua) — Over 40 countries have committed their support and help with medical supplies, particularly the oxygen generating equipment, in order to help India combat the ongoing second wave of the COVID-19 pandemic, said Foreign Secretary Harsh Vardhan Shringla on Thursday.
India has been badly gripped by the second wave of the pandemic, as nearly 380,000 new cases and 3,645 deaths were registered on Thursday, bringing the total tally to 18,376,524 and the death toll to 204,832.
When addressing to media on international cooperation on the COVID-19 pandemic, the official in the Ministry of External Affairs said that international help was accepted for meeting the immediate needs.
According to him, while a few cargo flights had already reached India from a couple of countries, including Russia, many flights were expected to land with loads of medical supplies, particularly oxygen generating equipment, in the next couple of days.
He said that at present India’s capacity was to manufacture around 67,000 vials of Remdesivir in a day, and the capacity could be expanded to 300,000-400,000.
“We’ve prioritized certain areas, liquid oxygen is one of the areas that has been a priority. We’ve also seen the requirement for any equipment that produces oxygen – oxygen generators, concentrators, cryogenic tankers, transportation equipment for oxygen,” said the foreign secretary.
“We have also needed some urgent pharmaceutical products like Remdesivir and Tocilizumab. Although we produce Remdesivir given the requirements the production has not been adequate to meet the immediate shortfall,” he added.■
1- COVID-19 patients are admitted at LNJP hospital in New Delhi, India, April 28, 2021. (Str/Xinhua)
2- Workers install beds in a sports complex which will be converted into a temporary care center for COVID-19 patients in Patna, India, April 28, 2021. (Str/Xinhua)
3- A hospital worker adjusts the oxygen cylinders to supply oxygen through the central pipeline for the patients at a private hospital in Kolkata, India, April 28, 2021. (Str/Xinhua)
4- People wait in line to refill empty medical oxygen cylinders for COVID-19 patients in front of a shop in New Delhi, India, April 26, 2021. (Xinhua/Partha Sarkar)