Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၀၀,၀၀၀ ကျော်ရှိလာ

အသက် ၄၉ နှစ်အရွယ်ရှိ သူနာပြု Liane Tinoco သည် ဘရာဇီးနိုင်ငံ မြူနီစီပယ်ဒေသ ကမ်ပီနက်စ်၌ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃,၀၀၁ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူစုစုပေါင်း ၄၀၁,၁၈၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စမ်းသပ်ချက်များအရ COVID-19 ထပ်မံကူးစက်ခံရသူ ၆၉,၃၈၉ ဦး ရှိပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်းကူးစက်ခံရသူဦးရေ ၁၄,၅၉၀,၆၇၈ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ဘရာဇီးနိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ဧပြီလသည် သေဆုံးမှုအများဆုံး စံချိန်ချိုးသည့် လဖြစ်ကြောင်း သိရသည်။

လူဦးရေ ၄၆ သန်းနေထိုင်သည့် ဆောပိုလိုပြည်နယ်သည် နိုင်ငံအတွင်းအဆိုးဝါးဆုံး ကူးစက်ခံရသည့် ပြည်နယ်ဖြစ်ပြီး သေဆုံးသူ ၉၅,၅၃၂ ဦးနှင့် ကူးစက်ခံရသူပေါင်း ၂,၈၈၈,၁၅၈ ဦးရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အစပိုင်းမှစ၍ ဘရာဇီးနိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှု လှိုင်းအသစ်နှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ကြီးမားသောအစိတ်အပိုင်းကို ပြိုလဲစေခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Brazil’s COVID-19 deaths pass 400,000
RIO DE JANEIRO, April 29 (Xinhua) — Brazil reported 3,001 new deaths related to COVID-19 in the last 24 hours, raising the national death toll to 401,186, the Ministry of Health reported.
The ministry said that tests detected 69,389 new COVID-19 cases, taking its nationwide tally to 14,590,678.
April has been the month with the most deaths since the outbreak of the pandemic in the Latin American nation.
Sao Paulo, home to 46 million inhabitants, is the country’s hardest-hit state, with 95,532 deaths and 2,888,158 infections.
Since the beginning of this year, Brazil has been facing a new wave of the virus, which has resulted in the collapse of a large part of its healthcare system. Enditem
Photo-Liane Tinoco, a 49-year-old nurse, receives a dose of China’s COVID-19 vaccine in Campinas, Brazil, Jan. 18, 2021 (Xinhua/Rahel Patrasso)