ဆိုးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းသည် ဆိုးလ်မြို့ရှိ ပြည်သူ့ကျန်းမာရေးစင်တာတွင် ယနေ့ ဧပြီ ၃၀ ရက်၌ ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သမ္မတ အိမ်ပြာတော်က ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၁၈ ကျော်သွားပြီဖြစ်ကာ ဧပြီ ၂၉ ရက်တွင်မူ ၁၈,၃၇၆,၅၂၄ ဦးအထိ ရောက်ရှိသွားခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၇၉,၂၅၇ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေး ရင်ဆိုင်ရုန်းကန်နေရချိန်တွင် ကုလသမဂ္ဂအဖွဲ့က အကူအညီများ ပေးနေကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံမှ နောက်ထပ် Sinovac CoronaVac COVID-19 ကာကွယ်ဆေးများကို ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် လက်ခံရရှိခဲ့ပြီး နိုင်ငံအတွင်း ကာကွယ်ဆေးဆက်လက် ထိုးနှံရန် ခွင့်ပြုထားကြောင်း သိရသည်။
ဆော်ပိုလို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့ဖြစ်သော ဆော်ပိုလိုအခြေစိုက် Butantan Institute က ပထမဆုံး ဘရာဇီးနိုင်ငံထုတ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ဆေး ButanVac ကို ဧပြီ ၂၈ ရက်တွင် စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Joao...
ဗီယင်ကျန်း ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါဂျဗက် , ဆားဗီးယား ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) ဆားဗီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုကို နိုင်ငံအရှေ့တောင်ပိုင်း၌ ဧပြီ ၂၇ ရက်တွင် ခံယူခဲ့ပြီး အလွန်ကြီးမားသော ထောက်ပံ့မှု နှင့်...
နယူးဒေလီ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် ၆ ရက်ဆက်တိုက် နေ့စဉ်လူပေါင်း ၃ သိန်းအထက်တွင်ရှိနေခဲ့သည်။
ဘရပ်စ်ဆဲလ် ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယ၊တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံ တို့မှ လာရောက်မည့် ခရီးသွားများအား ပြည်ဝင်ခွင့် ကန့်သတ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီး Annelies Verlinden က ဧပြီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။
ကိုင်ရို ၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ၌ တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် အီဂျစ်ဆေးဝါးကြီးကြပ်ရေးအာဏာပိုင်အဖွဲ့(EDA)က ခွင့်ပြုခဲ့ကြောင်း ဧပြီ ၂၈ ရက် အစောပိုင်းတွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။