Connect with us

WORLD

ဘရာဇီးနိုင်ငံက ကိုယ်ပိုင် COVID-19 ကာကွယ်ဆေး စတင်ထုတ်လုပ်

ဘရာဇီး နိုင်ငံ ဆော်ပိုလိုမြို့တွင် သတင်းထောက်များအား PCR COVID-19 စစ်ဆေးရန် ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ပိုလို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံပိုင် ဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့ဖြစ်သော ဆော်ပိုလိုအခြေစိုက် Butantan Institute က ပထမဆုံး ဘရာဇီးနိုင်ငံထုတ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ဆေး ButanVac ကို ဧပြီ ၂၈ ရက်တွင် စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Joao Doria က ကြေညာခဲ့သည်။

“ဒီဆေးက တင်သွင်းထားတဲ့ ကုန်ကြမ်းတွေမပါဘဲနဲ့ ဘရာဇီးနိုင်ငံမှာ အပြည့်အဝထုတ်လုပ်တဲ့ ပထမဆုံး ကာကွယ်ဆေး ဖြစ်လာမှာပါ” ဟု ပြည်နယ်အစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသော အဆိုပါ အင်စတီကျု့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Doria က ပြောခဲ့သည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုအေဂျင်စီ (Anvisa) က ၎င်းကာကွယ်ဆေးအား ခွင့်ပြုထားခြင်းမရှိသေးသော်လည်း ဇူလိုင်လလယ်ပိုင်းမတိုင်မီ ပထမအကြိမ် ကာကွယ်ဆေးအလုံးရေ ၁၈ သန်းခန့် စတင်ထုတ်လုပ်သွားမည်ဖြစ်သည်။

အဆိုပါ အင်စတီကျု့သည် တရုတ်နိုင်ငံ Sinovac Life Sciences ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေး ပြုလုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ CoronaVac ကာကွယ်ဆေးသည် ဘရာဇီးနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဇန်နဝါရီ ၁၇ ရက်ကတည်းက လျှောက်ထားလျက်ရှိကြောင်း သိရသည်။

“ဇူလိုင်လ ပထမလဝက်ပိုင်းမှာ ဒီဆေးကို ခွင့်ပြုပေးလျှင်ပေးချင်းပဲ အသုံးပြုဖို့ အသင့်ဖြစ်နေမှာပါ။ ButanVac ကာကွယ်ဆေး ထုတ်လုပ်မှုက ဒီနှစ်ကုန်ပိုင်းမှာ ဆေးအလုံးရေ သန်း ၁၀၀ သို့မဟုတ် ၁၅၀ လောက်ရှိနိုင်မှာပါ” ဟု Doria က ပြောခဲ့သည်။

Anvisa က ButanVac ကာကွယ်ဆေးအား လူသားများတွင် စမ်းသပ်ခွင့်မပြုမီ အင်စတီကျု့ထံမှ ဧပြီ ၂၇ ရက်က အချက်အလက်များ ထပ်မံတောင်းခံထားကြောင်း သိရသည်။

“Anvisa ကနေ အရေးပေါ်ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်” ဟု ကပ်ရောဂါဒဏ် အများဆုံးခံစားခဲ့ရသော ပြည်နယ်မှ Doria က ပြောခဲ့သည်။

တောင်ကမ္ဘာလုံးခြမ်းရှိ တုပ်ကွေးကာကွယ်ဆေးများ အဓိကထုတ်လုပ်သူနှင့် ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးသူဖြစ်သော Butantan သည် ကာကွယ်ဆေးအသစ် သုတေသနပြုခြင်းတွင် ပါဝင်သည့် နိုင်ငံတကာယာယီပူးပေါင်းအဖွဲ့အစည်း၏ ၈၅ ရာခိုင်နှုန်းကို ကိုယ်စားပြုထားကြောင်း သိရသည်။

၎င်းကာကွယ်ဆေးအား ခွင့်ပြုချက်ရရှိပြီးပါက လူသားများတွင် စမ်းသပ်ခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့်၌ စေတနာ့ဝန်ထမ်း ၁,၈၀၀ ပါဝင်သွားမည်ဖြစ်ကြောင်း ဆော်ပိုလိုပြည်နယ် အစိုးရက ပြောကြားခဲ့သည်။ (Xinhua)
————————————
(English Version)
Brazil begins to make own COVID-19 vaccine
Source: Xinhua| 2021-04-29 07:38:58|Editor: huaxia
SAO PAULO, April 28 (Xinhua) — Brazil’s Sao Paulo-based Butantan Institute, a state-run medical research facility, on Wednesday began to manufacture ButanVac, the first Brazilian vaccine against the novel coronavirus disease (COVID-19), state governor Joao Doria announced.
“It will be the first vaccine manufactured entirely in Brazil, without the need to import raw materials,” Doria said during a press conference at the institute, which is funded by the state government.
Production began on the first of an expected 18 million doses by mid-July, though Brazil’s Health Regulatory Agency (Anvisa) has yet to authorize the vaccine.
The institute also makes and packages the CoronaVac vaccine developed by Chinese pharmaceutical firm Sinovac Life Sciences. CoronaVac has been applied since Jan. 17 as part of Brazil’s vaccination campaign against the coronavirus.
“In the first half of July, it will be ready for use as soon as Anvisa authorizes it. Production of ButanVac can reach 100 million or 150 million doses by the end of the year,” said Doria.
Anvisa on Tuesday requested more documentation from the institute before authorizing the start of human trials of ButanVac.
“We hope for a sense of urgency from Anvisa,” said Doria, whose state is the hardest hit by the pandemic.
Butantan, the main manufacturer of influenza vaccines in the Southern Hemisphere and the leading supplier of the Brazilian Ministry of Health, represents 85 percent of the international consortium involved in researching the new vaccine.
The Sao Paulo government said 1,800 volunteers will take part in the first and second phases of human trials, once authorized. Enditem
Health workers prepare for a free PCR COVID-19 test for journalists after a press conference with Sao Paulo State Governor Joao Doria on the National Journalists Day in Sao Paulo, Brazil on April 7, 2021. Brazil reported on Wednesday 3,829 COVID-19 deaths in the last 24 hours, bringing its total to 340,776, said the Ministry of Health. The ministry said that there were also 92,625 new COVID-19 infections in the same period of time, for an accumulated total of 13,193,205. (Xinhua/Rahel Patrasso)