Connect with us

WORLD

(နိုင်ငံတကာကပ်ရောဂါသတင်းသုံးသပ်ဆောင်းပါး) ကပ်ရောဂါအခြေအနေအဆက်မပြတ် ဆိုးရွားလာခြင်းက အိန္ဒိယနိုင်ငံ၏ ဆေးဘက်ဆိုင်ရာစနစ် မခိုင်မာမှုကို မီးမောင်းထိုးပြလာခဲ့

အိန္ဒိယနိုင်ငံ Ahmedabad မြို့ ရှိ ဆေးရုံတစ်ရုံ၌ ဧပြီ ၂၆ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရသူတစ်ဦး ဆေးကုသမှုခံယူရန် သုံးဘီးကားပေါ်၌ စောင့်ဆိုင်းနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် ၆ ရက်ဆက်တိုက် နေ့စဉ်လူပေါင်း ၃ သိန်းအထက်တွင်ရှိနေခဲ့သည်။

ကပ်ရောဂါအခြေအနေ အဆက်မပြတ်ပိုမိုဆိုးရွားလာသည်နှင့် အမျှ အိန္ဒိယနိုင်ငံ၌ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များသည် ပြင်းထန်သည့် အလုအယက်လိုအပ်ချက်ဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံရှိဒေသအများတွင် ဆေးဝါးကုသမှုခံယူနိုင်သည့်နေရာများ ၊ ဆေးဘက်ဆိုင်ရာသုံးအောက်စီဂျင်များ နှင့် အသက်ရှူစက်စသည်များမှာ အရေးပေါ်လိုအပ်ချက်များဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာစနစ်၏ မခိုင်မာမှုကို မီးမောင်းထိုးပြလာခဲ့သည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သောစာရင်းပြုစုချက်အရ ပြီးခဲ့သော၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၂၃,၁၄၄ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၇,၆၃၆,၃၀၇ အထိရောက်ရှိလာခဲ့ကြောင်း ၊ ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၂,၇၇၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၉၇,၈၉၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ယခုအကြိမ်ဖြစ်ပွားခဲ့သော ကပ်ရောဂါကူးစက်မှုလှိုင်းသည် အင်အားလွန်စွာပြင်းထန်သဖြင့် အိန္ဒိယနိုင်ငံသတင်းမီဒီယာများက “ ကိုဗစ်ဆူနာမီ” ဟုပင်ခိုင်းနှိုင်းခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ ဆေးရုံများသည် လူနာများဖြင့် ပြည့်နှက်နေကြပြီး ဆေးဝါးကုသမှုပေးမည့် ကုတင်မလုံလောက်တော့သဖြင့် COVID-19 ရောဂါကူးစက်ခံထားရသည့် လူနာအများ၏မိသားစုများက လူမှုကွန်ရက်စာမျက်နှာများတွင် အကူအညီများ တောင်းခံခဲ့ကြရသည်။ အသက်ပြင်းထန်စွာရှူရှိုက်နေရသော လူနာများအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဆေးရုံမှ ကုသမှုပေးမည့် လူနာကုတင် ၊ အောက်စီဂျင် နှင့် ဆေးဝါးများ မလုံလောက်မှုဖြစ်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လူနာများအနေဖြင့် ဆေးရုံပြင်ပရှိ လူနာတင်ယာဉ် သို့မဟုတ် လူနာတင်စင်ပေါ်တွင် လှဲလှောင်နေရပြီး ဆေးဝါးကုသမှုခံယူရန် စောင့်ဆိုင်းနေသဖြင့် လူနာမိသားစုများမှာ လွန်စွာ စိုးရိမ်ပူပန်နေကြရသည်ကို ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သည့်မြင်ကွင်းများက ဖော်ပြနေသည်။

လွန်ခဲ့သော ရက်သတင်းပတ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံရှိ ဆရာဝန်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူများအား ကပ်ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် အခြေအနေပေါ်မူတည်၍ နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်၍ ဆေးဝါးကုသမှု ဆောင်ရွက်သွားရန် အတက်နိုင်ဆုံး ဆေးရုံမတက်ကြရန် တိုက်တွန်းမှုပြုလုပ်ခဲ့ကြသည်။မွန်ဘိုင်းရှိ ကူးစက်ရောဂါပညာရှင် ထရပ်ပူဒီ ဂီရာဒါ က “ ကျွန်တော်တို့ အလွန်အားကိုးရာမဲ့ဖြစ်နေပါတယ် ။ တစ်ချိန်တစ်ခါမှာ အခုလို အခြေအနေကို မမြင်ဖူးပါဘူး ။ ရောဂါ ဝေဒနာပြင်းထန်တဲ့လူနာတွေဟာလည်း ဆေးရုံမှာ ကုသပေးမဲ့နေရာမရှိလို့ နေအိမ်မှာ ဆေးဝါးကုသ နေရပါတယ်” ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်ရှိ ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သည့် Vinay Srivastava က COVID-19 ရောဂါကူးစက်မှုခံခဲ့ရပြီးနောက် ဆေးဝါးကုသမှုခံယူရန် ဆေးရုံသို့သွားရောက်ခဲ့ရာတွင် ဆေးရုံ ၃ ရုံမှ ကုသပေးရန်ငြင်းဆိုခဲ့ပြီးနောက်တွင် ကွယ်လွန်သွားသည့်အချိန်ထိ နေအိမ်တွင်သာ နေထိုင်သွားခဲ့ရသည်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ ဆေးရုံအများအပြား၌ အောက်စီဂျင် အသုံးပြုရန် မကျန်ရှိတော့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အစိုးရအနေဖြင့် ချက်ခြင်း ပါဝင်ဆောင်ရွက်မှု ပြုလုပ်ပေးကာ အောက်စီဂျင်ထောက်ပံ့မှုကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ အချို့ဒေသများတွင် အောက်စီဂျင် လုယက်ကြသည့် အဖြစ်အပျက်များပင်ဖြစ်ပွားလာခဲ့သောကြောင့် အစိုးရ အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား မဖြစ်မနေ အောက်စီဂျင်ပစ္စည်းကိရိယာများ ပို့ဆောင်မှုတွင် ပါဝင်ဆောင်ရွက်စေခဲ့ရသည်။

အိန္ဒိယနိုင်ငံသတင်းမီဒီယာ၏ ဖော်ပြချက်အရ ဧပြီ ၂၅ ရက်၌ Jaipur Golden Hospital တွင် ဆေးဝါးကုသမှုခံယူနေသည့် COVID-19 ရောဂါကူးစက်ခံရသူ ၂၀ ဦးက သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။ Jaipur Golden Hospital မှ ပါမောက္ခ D.K Baluja က လူနာများအနေဖြင့် အောက်စီဂျင် လေဖိအား လျော့ကျလာခြင်းကြောင့် သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။ ယင်းသေဆုံးမှုမတိုင်မီ တစ်ရက်အလိုကလည်း နယူးဒေလီရှိ ဆေးရုံတစ်ရုံတွင် COVID-19 ရောဂါ ကူးစက်ခံထားရသူ အနည်းဆုံး ၂၅ ဦးက အလားတူ အကြောင်းအရင်းကြောင့် သေဆုံးခဲ့ကြရကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် ဆေးဘက်ဆိုင်ရာသုံး အောက်စီဂျင်များ မလုံလောက်မှုဖြစ်ပွားခဲ့သည့် အပြင် ရောဂါပိုးတိုက်ဖျက်ရာတွင် အသုံးပြုသော Remdesivir ဆေးဝါးမှာလည်း နေရာအများတွင် အသုံးပြုရန် မရှိတော့ကြောင်း ၊ အိန္ဒိယနိုင်ငံဒေသတွင်းသတင်းမီဒီယာ၏ ဖော်ပြချက်အရ မောင်ခိုဈေးကွက်တွင် Remdesivir ဆေးဝါးကို ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းဝယ်နေကြကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ အများပြည်သူကျန်းမာရေး ဖောင်ဒေရှင်း ဥက္ကဋ္ဌ Srinath Reddy က အစိုးရအနေဖြင့် ကပ်ရောဂါ ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုအားနည်းကြောင်း ၊ ယခင်ချိန်များ၌ ကျန်းမာရေး စနစ်အပေါ် လျစ်လျူရှုခြင်း နှင့် စီမံဆောင်ရွက်မှု မလုံလောက်ခြင်းတို့က ကျန်းမာရေးစနစ်ကို လွန်စွာ ခက်ခဲသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

အောက်စီဂျင် မလုံလောက်မှုအခက်အခဲ နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ အစိုးရ က ဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့သည်။ ယင်းဆောင်ရွက်မှုများအနက် အောက်စီဂျင်ထုတ်လုပ်မှုစက်ရုံအသစ်များ တည်ထောင်ခြင်း ၊ အောက်စီဂျင်တင်ပို့မှု အထူးရထားခရီးစဉ်များ ပြေးဆွဲခြင်း ၊ စစ်ဘက်ဆိုင်ရာလေတပ်ဖြင့် အောက်စီဂျင်ထောက်ပံ့ရေး ပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်ခြင်း ၊ ပြည်ပမှ ဆေးဘက်ဆိုင်ရာသုံး အောက်စီဂျင် တန်ချိန် ၅ သောင်း တင်သွင်းခြင်းတို့ပါဝင်ခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံအစိုးရ က ကပ်ရောဂါတိုက်ဖျက်ရေး တွင် အသုံးပြုသော ဆေးဝါး နှင့် အခြားပစ္စည်းကိရိယာအများအပေါ် သွင်းကုန် အခွန်ကောက်ယူခြင်းအား ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အိန္ဒိယနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလိုသည်ကို အသီးသီး အဆိုပြုခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေး ပညာရှင် ဒေါက်တာ Anant Bhan က အိန္ဒိယနိုင်ငံတွင် လက်ရှိအရေးပေါ် အလိုအပ်ဆုံးအရာမှာ အောက်စီဂျင်လုံလောက်စွာ ထောက်ပံ့ပေးရန် ၊ ဆေးဘက်ဆိုင်ရာ အဆောက်အဦ တိုးမြှင့်ပေးရန် နှင့် လူနာများ ဆေးဝါးကုသမှုခံယူနိုင်ရန် ဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံအနေဖြင့် တစ်ချိန်တည်းတွင် ကာကွယ်ဆေးထိုးနှံပေးသည့် အတိုင်းအတာကို ကြီးမားစွာ တိုးချဲ့သွားပြီး ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကာ ကျန်းမာရေးစနစ်အပေါ် ဝန်ပိလာမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————
(ChineseVersion)

(国际疫情)综述:疫情急剧恶化凸显印度医疗体系脆弱
2021-04-28 10:54:33 分类: 科学技术
  新华社新德里4月28日电综述:疫情急剧恶化凸显印度医疗体系脆弱
  新华社记者胡晓明
  印度单日新增新冠确诊病例数已连续6天超过30万例。由于疫情不断恶化,医疗资源遭到严重挤兑,多地急症病床、医用氧气、呼吸机等告急,凸显了印度医疗体系的脆弱。
  印度卫生部27日公布的数据显示,该国较前一日新增新冠确诊病例323144例,累计确诊17636307例;新增死亡2771例,累计死亡197894例。
  这波疫情来势凶猛,印度媒体称之为“新冠海啸”。医院人满为患,许多新冠患者因床位短缺而无法就医,家属纷纷求助于社交媒体。当患者喘着粗气被送到医院时,医院却宣告床位和氧气不足,药品短缺。电视画面显示,患者戴着氧气面罩躺在医院外面的救护车里、担架上等待就诊,家属忧心忡忡……
  在过去几周里,一些医生在社交媒体发文,呼吁人们加强防疫措施,在必要情况下居家隔离治疗,尽量避免住院。
  孟买的流行病学专家特鲁普蒂•吉拉达在视频中说:“我们很无助。以前从未见过这样的情况。人们惊慌失措……重症患者也在家里接受治疗,因为没有床位。”
  北方邦一位名叫维奈•斯里瓦斯塔瓦的资深记者感染了新冠病毒后被3家医院拒收,只好待在家里,直至死亡。
  印度首都新德里多家医院接连报告氧气耗尽,并要求政府立即干预以补充氧气供应。一些地方甚至出现抢夺氧气的情况,政府不得不派武装人员看守和押运氧气设备。
  据印度媒体报道,25日,斋浦尔金色医院收治的20名新冠患者死亡。该院医学主管巴卢贾博士说,死亡是由于氧气低压造成的。前一天,至少25名在新德里一家医院住院的新冠危重患者因类似情况死亡。
  除医用氧气短缺外,抗病毒药物瑞德西韦也在许多地方告罄。当地媒体报道了瑞德西韦在黑市被高价倒卖的消息。
  印度公共卫生基金会主席斯里纳特•雷迪说:“政府对第二波疫情缺乏准备。过去对卫生系统的忽视和计划不足导致卫生系统面临严峻挑战。”
  为了应对“氧气危机”,印度政府采取了一系列措施,包括新成立氧气制造厂、开通运送氧气的火车专列、调动空军飞机运送氧气设备、从国外进口5万吨医用氧气等。政府还宣布取消抗疫药品及其原材料的进口关税。国际社会也表示愿意为印度提供抗疫支持。
公共卫生专家阿南特•班表示,当前最迫切的是确保提供充足氧气,增加医疗设施,让患者得到护理。同时,印度还需要扩大疫苗接种范围,加强防控措施,以减轻卫生系统的负担。(完)

Photo
这是4月26日,在印度城市艾哈迈达巴德一家医院内,由于没有床位,新冠病人只能在三轮车后座上等待。 新华社发