Connect with us

WORLD

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး တတိယအသုတ် လာအိုနိုင်ငံသို့ လွှဲပြောင်းပေးအပ်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်နိုင်ငံမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများအား အလုပ်သမားများက သယ်ယူနေစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး တတိယအသုတ်သည် လာအိုနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Sinopharm COVID-19 ကာကွယ်ဆေးများကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Jiang Zaidong က ဧပြီ ၂၇ ရက်တွင် လာအို ကျန်းမာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသံအမတ်ကြီး Jiang Zaidong က တရုတ်-လာအို ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် အရေးကြီးသော ဆောင်ရွက်ချက် တစ်ခု ဖြစ်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေး ရုန်းကန်နေရချိန်တွင် လာအိုနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ နှင့် ငွေကြေး လှူဒါန်းမှုများကို မေ့လျော့သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင် အဖွဲ့ နှစ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း ၊ ထောက်ပံရေးပစ္စည်း အမြောက်အမြားအား ထောက်ပံ့ခဲ့ကြောင်း ၊ nucleic acid စမ်းသပ်ဓာတ်ခွဲခန်းများ တည်ဆောက်ရေး ကူညီပေးခဲ့ကြောင်း နှင့် ကာကွယ်ဆေး အသုတ် သုံးသုတ် လှူဒါန်းခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

လာအိုနိုင်ငံ၌ COVID-19 ကပ်ရောဂါသည် ယခုလတွင် လျင်မြန်စွာ ပြန့်နှံ့ခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP) နှင့် အစိုးရ ၏ အားကောင်းသောဦးဆောင်မှုအောက်တွင် ညီနောင်လာအိုပြည်သူများသည် ကပ်ရောဂါအား အမှန်အကန် ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

လာအိုပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP)ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် COVID-19 ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် အမျိုးသားအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ Kikeo Khaykhamphithoune က ခက်ခဲမှုများ ကြုံတွေ့ရသည့်အချိန်တိုင်း လာအိုနိုင်ငံသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၊ အစိုးရ နှင့် ပြည်သူများထံမှ တန်ဖိုးရှိသော အကူအညီများ အမှန်တကယ် ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများသည် ဘေးကင်းစိတ်ချရပြီး အစွမ်းထိရောက်ကြောင်း Kikeo Khaykhamphithoune က ပြောကြားခဲ့ပြီး လာအိုဘက်မှ ရှေ့တန်းတွင် အန္တရာယ်အများဆုံး ဖြစ်သည့် နယ်စပ်ဝန်ထမ်းများ ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူတစ်ချို့အား တရုတ်နိုင်ငံမှ ကာကွယ်ဆေးများ ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ကျွန်တော်လဲ ဘေးထွက်ဆိုးကျိုး မရှိဘဲနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ထိုးနှံထားပြီးပါပြီ။ဒီမှာ လူတိုင်းလည်း အဲဒီလိုယုံကြည်ပြီး ထိုးနှံကြပါတယ်”ဟု Kikeo Khaykhamphithoune က ပြောကြားခဲ့သည်။

လာအိုနိုင်ငံသည် တရုတ်နိုင်ငံမှ ခိုင်မာသော ထောက်ပံ့မှုနှင့်အတူ ကပ်ရောဂါအပေါ် အပြီးသတ်အောင်ပွဲခံနိုင်လိမ့်မည် ဖြစ်ကြောင်း Kikeo Khaykhamphithoune က ယုံကြည်ထားသည်။ (Xinhua)
————————————
(English Version)
3rd batch of China-donated COVID-19 vaccines handed over to Laos
VIENTIANE, April 29 (Xinhua) — The third batch of China-donated COVID-19 vaccines has arrived in and been handed over to Laos.
The Sinopharm COVID-19 vaccines were handed over by Chinese Ambassador to Laos Jiang Zaidong in the Lao Health Ministry on Tuesday.
The Chinese ambassador said that the China-Laos anti-epidemic cooperation has become an important carrier for building a community with a shared future. “We will not forget that when China was struggling to fight the epidemic, the Lao side donated cash and batches of anti-epidemic materials to China.”
“Since the outbreak of the epidemic in Laos, China has dispatched two expert teams, provided a large amount of supplies, helped build nucleic acid testing laboratories, and donated three batches of vaccines,” the ambassador said.
The COVID-19 epidemic in Laos has spread rapidly this month, Ambassador Jiang said, adding “We believe that under the strong leadership of the Lao People’s Revolutionary Party (LPRP) and the government, the brotherly Lao people will surely overcome the epidemic. We are willing to continue to provide assistance to this end.”
Lao LPRP central committee politburo member, Deputy Prime Minister and Chairman of the National Taskforce Committee for COVID-19 Prevention and Control Kikeo Khaykhamphithoune said on the same occasion that whenever it is in difficulties, Laos will surely receive the precious assistance from the Communist Party of China, the Chinese government and the Chinese people.
China’s vaccines are safe, reliable and efficient, Kikeo said, adding that the Lao side has already vaccinated front-line high-risk border personnel, medical staff and some citizens with Chinese vaccines.
“I have also been vaccinated (with Chinese vaccines) without any side effects, and everyone takes it into their confidence here,” Kikeo said.
Kikeo believed that his country, with the strong support from China, will surely win the final victory over the pandemic. ■