နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၁၅,၇၃၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်အရ သိရသည်။
ပေကျင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သည် ဂျပန်နိုင်ငံ Osaka စီရင်စုနှင့်၎င်းအနီးဒေသများတွင် လျင်မြန်စွာ ပြန့်ပွားလျက်ရှိရာ လူအများက ကပ်ရောဂါစတုတ္ထလှိုင်းကျရောက်မည်ကို စိုးရိမ်လျက်ရှိသည်။
ဘဲဂရိတ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) Another shipment of COVID-19 vaccines from China was welcomed on Monday by Prime Minister of Serbia Ana Brnabic.
ကုလသမဂ္ဂ၊ဧပြီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဦးဆောင်ဦးရွက်ပြုသည့် COVAX အစီအစဉ်ဖြင့် ကမ္ဘာ့နိုင်ငံများ COVID-19 ကာကွယ်ဆေး အညီအမျှ ရရှိစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံသို့ ကာကွယ်ဆေး ၃၆ သန်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၅ ရက်တွင်...
နယူးဒေလီ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဧပြီ ၅ ရက်တွင် တစ်ရက်အတွင်း COVID-19 လူနာ ၁၀၃,၅၅၈ ဦးထိ ရှိခဲ့ရာ ယခုအချိန်အထိ အမြင့်ဆုံး ဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၂,၅၈၉,၀၆၇ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အာမန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ဝယ်ယူသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ဂျော်ဒန်နိုင်ငံမြို့တော်အာမန်သို့ ဧပြီ ၄ ရက်တွင် ရောက်ရှိခဲ့ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပြည်သူလူထု ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှု အားကောင်းလာစေရန် နိုင်ငံတော်၏ ကြိုးပမ်းအားထုတ်မှု ဖြစ်ကြောင်း သိရသည်။
အာဒစ်အာဘာဘာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)အာဖရိကတိုက်၌ C OVID-19 အရေအတွက်မှာ ဧပြီ ၃ ရက်နေ့လည်ပိုင်းတွင် ၄,၂၅၂,၆၇၆ ဦး ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။
ဒါကာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဧပြီ ၅ ရက်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် Lockdown ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။
ဘန်ဒါဆရီဘဂါဝန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဘရူနိုင်းနိုင်ငံသည် နိုင်ငံများစွာ၌ COVID-19 ကာကွယ်ဆေး သာတူညီမျှစွာရရှိရန် ရည်ရွယ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ဦးရွက်ပြုထားသော COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း သိရသည်။