Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၀၀,၀၀၀ ကျော် ထပ်မံရောက်ရှိ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Dharavi ရပ်ကွက်အတွင်းရှိ COVID-19 စစ်ဆေးမှုအတွက် အမျိုးသားတစ်ဦးထံမှ အာခေါင်တို့ဖတ်ရယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်မှုအသစ် ၁၁၅,၇၃၆ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်အရ သိရသည်။

ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော တစ်ရက်အတွင်း ရောဂါကူးစက်မှုကြောင့် နိုင်ငံတွင် စုစုပေါင်း COVID-19 ကူးစက်ခံရသူဦးရေမှာ ၁၂,၈၀၁,၇၈၅ အထိ ရောက်ရှိခဲ့သည်။

၎င်းအရေအတွက်သည် အိန္ဒိယနိုင်ငံ၌ ယခုသီတင်းပတ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုအသစ် ၁၀၀,၀၀၀ ကျော်သွားသည့် ဒုတိယအကြိမ်မြောက်နေ့လည်း ဖြစ်သည်။ ယခင် ဧပြီ ၅ ရက်က ရောဂါဖြစ်ပွားမှုအသစ် အရေအတွက် ၁၀၃,၅၅၈ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၆ ရက် နံနက်ပိုင်းမှစ၍ ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၆၃၀ ကျော်သွားသဖြင့် စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၁၆၆,၁၇၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာနက၏ အချက်အလက်များ၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအတွင်း လက်ရှိရောဂါဖြစ်ပွားဆဲလူနာအရေအတွက်မှာ ၈၄၃,၄၇၃ ဦး ရှိနေပြီး ဆေးကုသမှု ခံယူပြီးနောက် ဆေးရုံများမှ ဆင်းသွားခဲ့သူ ၁၁,၇၉၂,၁၃၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း လက်ရှိရောဂါဖြစ်ပွားဆဲလူနာ ၅၅,၂၅၀ ဦးတိုးလာခဲ့ရာ ယင်းအနက် ၂၀,၉၁၆ ဦးမှ အနောက်တောင်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှ ဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံတွင် COVID-19 အများအပြားဖြစ်ပွားမှု နောက်ထပ်လှိုင်းတစ်ခု ဖြစ်ပေါ်လာသဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နေ့စဉ်ရောဂါဖြစ်ပွားမှုအရေအတွက်မှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)
India once again registers over 100,000 new COVID-19 cases in 24 hrs
2021-04-07 13:12:53
NEW DELHI, April 7 (Xinhua) — A total of 115,736 new COVID-19 cases were registered in the past 24 hours in India, said official data released by the federal health ministry on Wednesday.
The latest single-day spike, highest so far, took the total tally in the country to 12,801,785.
This is the second time within this week when more than 100,000 new COVID-19 cases were recorded in India. Earlier, 103,558 new cases were reported on Monday.
Besides, as many as 630 deaths took place due to the pandemic since Tuesday morning, taking the total death toll to 166,177, revealed the ministry’s data.
There are still 843,473 active cases in the country, while 11,792,135 people have been discharged so far from hospitals after medical treatment.
There was an increase of 55,250 active cases during the previous 24 hours, out of which a maximum of 20,916 were reported from the south-western state of Maharashtra.
The number of daily active cases has been on the rise over the past few days, as another wave of COVID-19 looms large in India. Enditem

A health worker collects swab samples from a man for COVID-19 testing inside Dharavi slum in Mumbai, India, on June 6, 2020. India’s federal health ministry Saturday morning reported 294 new deaths and 9,887 new COVID-19 cases during the past 24 hours across the country, taking the number of deaths to 6,642 and total cases to 236,657. This is the highest daily spike in the number of cases and deaths in the country. (Str/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.