Connect with us

WORLD

COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Lockdown တစ်ပတ် ချမှတ်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘူတာအနီးတွင် နှာခေါင်းစည်းတပ်ဆင်၍ လမ်းလျှောက်နေသူကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် နိုင်ငံအတွင်း COVID-19 လှိုင်းအသစ်အား ထိန်းချုပ်ရန် ဧပြီ ၅ ရက်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည့် Lockdown ချမှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်း၊ ပို့ဆောင်ရေးနှင့် လမ်းတံတားဝန်ကြီးဌာန ဝန်ကြီး Obaidul Quader က ဧပြီ ၃ ရက်တွင် ဒါကာမြို့၌ ကျင်းပခဲ့သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ယင်းကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Lockdown အစီအမံမှကင်းလွတ်ခွင့်ရသော အများပြည်သူနှင့် ဝန်ဆောင်မှုများအတွက် လမ်းညွှန်ချက်အသစ်များ မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဝန်ကြီး Farhad Hossain ကပြောကြားခဲ့သည်။

စက်ရုံများအနေဖြင့် Lockdown အစီအမံမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
————————————
(English Version)
Bangladesh to impose one-week lockdown to control new COVID-19 wave
DHAKA, April 3 (Xinhua) — The Bangladeshi government has decided to enforce a one-week lockdown from April 5 to control the new COVID-19 wave in the country.
Bangladeshi Road, Transport and Bridges Minister Obaidul Quader made the announcement in an online press conference in Dhaka on Saturday.
Meanwhile, the country’s Minister of State for Public Administration Farhad Hossain said they would soon issue fresh guidelines covering people and services to be exempted from the lockdown.
He said factories will be exempted from the purview of the lockdown. Enditem

Photo-A man wearing a face mask walks past a station in Dhaka, Bangladesh on Aug. 19, 2020.(Xinhua)