Connect with us

WORLD

အီတလီနိုင်ငံ COVID-19 ကပ်ရောဂါကြောင့် ၁၂ လတာကာလအတွင်း အလုပ်အကိုင် ၁ သန်းနီးပါး ဆုံးရှုံး

အီတလီနိုင်ငံ ရောမမြို့၌ နှာခေါင်းစည်းတပ်ဆင်သွားလာနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၁ သန်းနီးပါး ဆုံးရှုံးခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းဌာန(ISTAT) က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းထိ အီတလီလူမျိုး အလုပ်လုပ်ကိုင်သူ ၂၂ ဒသမ ၂ သန်း ရှိပြီး ယခင်နှစ်အစောပိုင်း အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၉၄၅,၀၀၀ ဦး လျော့နည်းခဲ့ကြောင်း ISTAT ၏ ထုတ်ပြန်မှုအရ သိရသည်။
ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလသည် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြီးအကျယ် မဖြစ်ပွားသေးသည့် နောက်ဆုံးလဖြစ်ပြီး ယင်းမှာ ISTAT ၏ အကျပ်အတည်းကာလ၏ ပထမ တစ်နှစ်လုံးကို ကောက်ယူထားသည့် အချက်အလက် ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင်ဈေးကွက် လျော့နည်းလာခြင်းသည် အသက်အရွယ်အပိုင်းအခြားအသီးသီး နှင့် မှီခိုသူများ ၊ ကိုယ်ပိုင်အလုပ်လုပ်ကိုင်သူများအကြား အမျိုးသား ၊ အမျိုးသမီး အလုပ်သမားများအားလုံး အပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ISTAT က ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(English Version)

COVID-19 pandemic costs Italy nearly 1 mln jobs in 12 months: ISTAT
ROME, April 6 (Xinhua) — The coronavirus pandemic has cost the Italian economy nearly one million jobs, said the country’s National Statistics Institute (ISTAT) on Tuesday.
The institute recorded 22.2 million employed Italians by the end of February, a reduction of 945,000 compared to the same period a year earlier.
February of last year was the last month largely untouched by the coronavirus pandemic in Italy, which means ISTAT’s data covers the first full year of the crisis.
ISTAT said the contraction of the job market was felt by both male and female workers, among dependents and the self-employed, and across all age groups. Enditem