ပရီတိုးရီးယား၊ တောင်အာဖရိက၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားတက္ကသိုလ်မှ ကျောင်းသား ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Blade Nzimande က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ဆန်တီရာဂို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စံချိန်အသစ်ထပ်မံရောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက် တစ်သန်းကျော်သွားပြီးနောက် လက်ရှိ နိုင်ငံတစ်ဝန်း ကျန်းမာရေးကန့်သတ်ချက်များကို တင်းကြပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Enrique Paris က ဧပြီ ၁ ရက်က ကြေညာခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယတစ်နိုင်ငံလုံးတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈၁,၄၆၆ ဦး ရှိသဖြင့် ရောဂါကူးစက်ခံရသူ အရေအတွက်စုစုပေါင်းမှာ ဧပြီ ၂ ရက်တွင် ၁၂,၃၀၃,၁၃၁ ဦးသို့ ရောက်ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ဂါဘရွန်နေ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ဘော့ဆွာနာနိုင်ငံ၏ လွှတ်တော်သည် COVID-19 ကပ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ဟန့်တားရေးအတွက် နိုင်ငံ၏ ပြည်သူ့အရေးပေါ်အခြေအနေအား ၆လ ထပ်မံသက်တမ်းတိုးရန် မတ် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။
ဖနွမ်းပင်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ Sinovac Biotech ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်ထားသော Sinovac COVID-19 ကာကွယ်ဆေးဖြင့် နိုင်ငံသားများအား ဧပြီ ၁ ရက်က ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ဧပြီ ၁ ရက်(ဆင်ဟွာ)တောင်ကိုရီးယားနိုင်ငံဝန်ကြီးချုပ် Chung Sye-kyun က စမတ်ဖုန်း (app) အက်ပလီကေးရှင်းမှတဆင့် ပြည်သူများ၏ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေကို သိရှိနိုင်မည့် “ ကာကွယ်ဆေးပတ်စ်ပို့” စနစ်ကို ယခု(ဧပြီ) လတွင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ဖြင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင် COVID-19 ရောဂါက လူသေဆုံးမှု တတိယအများဆုံးနေရာတွင် ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာ(CDC)၏ မတ် ၃၁ ရက်တွင်...
ဘရာဇီးလီးယား၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် အမေရိကန်၏ နိုင်ငံပေါင်းစုံ အကျိုးတူပူးပေါင်းဆောင်ရွက်သော Johnson & Johnson ကုမ္ပဏီ၏ ဆေးဝါးလုပ်ငန်းခွဲ Janssen မှ ထုတ်လုပ်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုရန် ကျန်းမာရေးအေဂျင်စီ Anvisa က မတ် ၃၁ ရက်၌...
အစ္စလာမ်မာဘတ် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက ဝယ်ယူခဲ့သော Sinopharm COVID-19 ကာကွယ်ဆေး ပထမသုတ် နှင့် CanSino COVID-19 ကာကွယ်ဆေး ပထမသုတ်တို့အား ပါကစ္စတန်နိုင်ငံဘက်သို့ တရားဝင် လွဲပြောင်းပေးအပ်သည့် အခမ်းအနားအား အစ္စလာမ်မာဘတ်မြို့အနီးရှိ Noor Khan လေတပ်အခြေစိုက်စခန်း၌ မတ်...
ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ မတ် ၃၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီ အတွင်း အသစ်ထပ်တိုး ကိုဗစ် အတည်ပြုလူနာ(၆)ဦး၊ လက္ခဏာမပြရောဂါကူးစက်သူ (၂၃)ဦး ရှိကြောင်း၊ ယင်းတွေ့ရှိမှု အားလုံးမှာ ရွှေလီမြို့တွင် ဖြစ်ကြောင်း ယူနန်ပြည်နယ်...