Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် Janssen COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်ခွင့်ပြု

ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တွင် COVID-19 လူနာတစ်ဦးကို ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းပေးနေစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် အမေရိကန်၏ နိုင်ငံပေါင်းစုံ အကျိုးတူပူးပေါင်းဆောင်ရွက်သော Johnson & Johnson ကုမ္ပဏီ၏ ဆေးဝါးလုပ်ငန်းခွဲ Janssen မှ ထုတ်လုပ်သော နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုရန် ကျန်းမာရေးအေဂျင်စီ Anvisa က မတ် ၃၁ ရက်၌ ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် မတ် ၂၄ ရက်က လျှောက်ထားချက်ကို ဆောင်ရွက်ရန် ၇ ရက်ကြာမြင့်ခဲ့ကြောင်း Anvisa က ပြောခဲ့သည်။
Janssen ကာကွယ်ဆေးသည် ဘရာဇီးနိုင်ငံတွင် အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုမှုရရှိရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကာကွယ်ဆေးနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ Pfizer နှင့် Oxford-AstraZeneca မှ ထုတ်လုပ်သော ကာကွယ်ဆေးများသည် ဘရာဇီးနိုင်ငံတွင် မှတ်ပုံတင်အခိုင်အမာ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

Janssen COVID-19 ကာကွယ်ဆေးသည် ၀.၅ မီလီလီတာ တစ်လုံးတည်းသာအကြောထဲသို့ ထိုးသွင်းရသည့် ဆေးမျိုးဖြစ်သည်။

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာအရ မတ် ၂၉ ရက်နှင့် ၃၀ ရက်အကြား COVID-19 ရောဂါကြောင့် လူ ၃,၇၈၀ ဦးသေဆုံးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပထမဆုံး ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၂၄ နာရီအတွင်း သေဆုံးမှုအများဆုံးလည်း ဖြစ်သည်။

သီးခြားစောင့်ကြည့်သော ဝက်ဘ်ဆိုက်ဖြစ်သော vacinabrasil.org ၏ အဆိုအရ ဘရာဇီးနိုင်ငံတစ်ဝန်း ပထမဆုံးအကြိမ်ဆေးထိုးနှံပြီးသူ ၁၇ သန်းခန့်ရှိကြောင်း၊ ဒုတိယအကြိမ်ဆေးထိုးနှံပြီးသူ ၅ သန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)
—————————–
(English Version)

Brazil grants Janssen COVID-19 vaccine emergency approval

BRASILIA, March 31 (Xinhua) — Brazil’s health regulatory agency Anvisa on Wednesday approved the emergency use of a vaccine against the novel coronavirus disease, which is developed by Janssen, the pharmaceutical arm of U.S. multinational corporation Johnson & Johnson.

The March 24 request for emergency approval took seven days to process, said Anvisa.
Janssen’s vaccine joins the CoronaVac vaccine made by Chinese pharmaceutical firm Sinovac in getting authorization for emergency use in Brazil. Vaccines by Pfizer and Oxford-AstraZeneca have received definitive registration in the South American country.

Janssen’s COVID-19 vaccine is applied intramuscularly as a single 0.5 milliliter dose.
According to the latest report released by the Brazilian Ministry of Health, between Monday and Tuesday 3,780 people died of COVID-19, the highest 24-hour death toll since Brazil’s first case was detected on Feb. 26, 2020.

According to independent monitoring website vacinabrasil.org, around 17 million people have been vaccinated throughout the country with the first dose, while some five million people have received the second dose. Enditem

Medical staff transfer COVID-19 patient in Brasilia, Brazil, March 17, 2021. Brazil registered a record 90,303 new COVID-19 cases in 24 hours, pushing the nationwide tally to 11,693,838, the Ministry of Health said on Wednesday. (Photo by Lucio Tavora/Xinhua)