Connect with us

WORLD

အာဂျင်တီးနားနိုင်ငံ သမ္မတ COVID-19 ရောဂါကူးစက်ခံရ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည့် သမ္မတ Alberto Fernandez အား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ သမ္မတ Alberto Fernandez က ၎င်းတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ဧပြီ ၃ ရက် အစောပိုင်းက တွစ်တာပေါ်၌ ကြေညာခဲ့ကြောင်း သိရသည်။

“ကျွန်တော် အဖျား ၃၇.၃ ဒီဂရီစင်တီဂရိတ်ရှိပြီး ခေါင်းနည်းနည်းကိုက်တာခံစားခဲ့ရလို့ ရောဂါစစ်ဆေးမှု ခံယူခဲ့ပြီး ရောဂါပိုးတွေ့ရှိကြောင်း ပြောလိုပါတယ်” ဟု သမ္မတက ဆိုသည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် လမ်းလျှောက်နေသော နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) 

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ ရထားတစ်စင်းပေါ်တွင် ခရီးသည်အချို့ကို တွေ့ရစဉ် (ဆင်ဟွာ) 

ဧပြီ ၂ ရက်က အသက် ၆၂ နှစ်ပြည့်ပြီဖြစ်သော Fernandez က PCR စစ်ဆေးမှုမှတစ်ဆင့် အတည်ပြုအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်သော်လည်း လက်ရှိ ကျန်းမာရေးဆိုင်ရာ လိုက်ရမည့်အချက်များနှင့် ၎င်း၏ သီးသန့်ဆရာဝန်၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာကာ သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတက “ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာရှိကြောင်း” နှင့် “ကျွန်တော့်မွေးနေ့မှာ ဒီသတင်းမရှိဘဲနဲ့ ကုန်ဆုံးချင်ပေမဲ့လည်း စိတ်ပျော်ရွှင်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အလွန်နိုးနိုးကြားကြားနဲ့ ရှိနေရပါမယ်။ လတ်တလော အကြံပြုချက်တွေကို လိုက်နာခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြဖို့ အားလုံးကို ပြောချင်ပါတယ်။ ဒါက ကပ်ရောဂါဟာ ပြီးဆုံးသွားတာမဟုတ်ကြောင်း သက်သေဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီးစောင့်ရှောက်သွားရဦးမှာဖြစ်ပါတယ်” ဟု သမ္မတက ပြောခဲ့သည်။

အာဂျင်တီးနားနိုင်ငံတွင် ဧပြီ ၂ ရက်က COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၉,၉၀၂ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝန်း စုစုပေါင်း ရောဂါကူးစက်မှု ၂,၃၇၃,၁၅၃ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာလည်း ၅၆,၀၂၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Argentine president tests positive for COVID-19
Source: Xinhua| 2021-04-03 14:20:18|Editor: huaxia
“It is evident that the pandemic did not pass and we must continue to take care of ourselves,” said Argentine President Alberto Fernandez.
BUENOS AIRES, April 3 (Xinhua) — Argentine President Alberto Fernandez announced on Twitter early Saturday that he has tested positive for COVID-19.
“I wanted to tell you that (…) after presenting a fever record of 37.3 (degrees Celsius) and a slight headache, I performed a test whose result was positive,” said the president.
Fernandez, who turned 62 on Friday, said that although he is awaiting confirmation through a polymerase chain reaction test, he is already isolated, complying with the current protocol and following the instructions of his personal doctor.
The Argentine president said that he is “physically well,” adding “although I would have liked to end my birthday without this news, I am also in good spirits.”
“We must be very vigilant. I ask everyone to take care of themselves by following the current recommendations. It is evident that the pandemic did not pass and we must continue to take care of ourselves,” added the president.
Argentina registered 9,902 new COVID-19 cases on Friday, bringing the national tally to 2,373,153, the country’s health ministry said.
The ministry also reported 82 more deaths from the disease, taking the nationwide death toll to 56,023. ■
1- Argentine President Alberto Fernandez gives a speech at a ceremony in Buenos Aires, Argentina, Dec. 10, 2019. (Xinhua/Martin Zabala)
2- A woman wearing a face mask walks a dog in Buenos Aires, Argentina, July 17, 2020. (Photo by Martin Zabala/Xinhua)
3- Few passengers are seen on a train in Buenos Aires, Argentina, March 20, 2020. (Xinhua/Martin Zabala)