Connect with us

WORLD

တောင်အာဖရိကနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် COVID-19 ရောဂါအစုလိုက်အပြုံလိုက်ဖြစ်ပွား

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ရှိ COVID-19 ရောဂါစစ်ဆေးပေးသောနေရာတွင် အလုပ်လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ပရီတိုးရီးယား၊ တောင်အာဖရိက၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားတက္ကသိုလ်မှ ကျောင်းသား ၅၅ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီး Blade Nzimande က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ ကျန်းမာရေးဌာနရဲ့ အကူအညီနဲ့ ရောဂါထိတွေ့မှုခြေရာခံခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နေပြီး ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ကျောင်းသားနဲ့ ဝန်ထမ်းများစွာကို ရောဂါစမ်းသပ်တာနဲ့ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ပြောခဲ့သည်။

ယခု ရက်သတ္တပတ်အတွင်း ရောဂါစစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းများအား ဆောင်ရွက်နေဆဲဖြစ်သဖြင့် ရောဂါတွေ့ရှိမှုအရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိကြောင်း ဝန်ကြီးက ပြောခဲ့သည်။

ထို့ပြင် ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးရန် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျုနှင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အာဏာပိုင်များအနေဖြင့် ရောဂါဖြစ်ပွားရာနေရာတစ်ဝိုက် ရောဂါစစ်ဆေးရေးစခန်းများ တည်ထောင်ထားသလို ဒေသခံများကိုလည်း စိတ်ပိုင်းဆိုင်ရာနှင့် အခြားသော ကျန်းမာရေး အကူအညီများ ပေးအပ်နိုင်မည့် ရွေ့လျားကျန်းမာရေးယူနစ်များနှင့် တက္ကသိုလ်ဆေးပေးခန်းများ အပါအဝင် အခြားကျန်းမာရေးအဆောက်အအုံများလည်း ဖြည့်ဆည်းပေးထားကြောင်း Nzimande က ပြောခဲ့သည်။

၂၀၂၁ ခုနှစ် ပညာသင်နှစ်ကို စတင်နေပြီဖြစ်သဖြင့် ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများအားလုံးအနေဖြင့် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အရာများ၊ လမ်းညွှန်ချက်များကို လိုက်နာကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
S. African university reports COVID-19 cluster outbreak
2021-04-03 09:23:00
PRETORIA, South Africa, April 2 (Xinhua) — A total of 55 students from South Africa’s University of Pretoria have tested positive for COVID-19, said Minister of Higher Education, Science and Innovation Blade Nzimande on Friday.
“We are aggressively working on contact tracing with the help of the health department and have tested and screened a large number of students and staff over the last few days,” he said.
As screening and testing are still ongoing this week, said the minister, there is a probability that the number of positive cases may rise.
He added that they are also working with the National Institute for Communicable Diseases to investigate the outbreak.
The authorities have established screening stations around the affected residences, Nzimande said, noting that other medical facilities including mobile health units and institutional campus clinics have also been stationed to offer psychosocial and other health assistance to the affected residents.
He called on students, lecturers and all staff to observe COVID-19 health protocols and guidelines as the 2021 academic year gets under way. Enditem
Medical workers work at a drive-through testing station for COVID-19 in Johannesburg, South Africa, April 2, 2020. (Xinhua/Yeshiel)