Connect with us

WORLD

COVAX အစီအစဉ်မှ COVID-19 ကာကွယ်ဆေးများ ဘရူနိုင်းနိုင်ငံ လက်ခံရရှိ

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝန်မြို့တော်ရှိ Istana Nurul Iman တော်ဝင်နန်းတော်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ဘရူနိုင်းဘုရင် Sultan Haji Hassanal Bolkiah အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘဂါဝန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံသည် နိုင်ငံများစွာ၌ COVID-19 ကာကွယ်ဆေး သာတူညီမျှစွာရရှိရန် ရည်ရွယ်ထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်ဦးရွက်ပြုထားသော COVAX အစီအစဉ်မှတစ်ဆင့် COVID-19 ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း သိရသည်။

“ဒါဟာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ဘရူနိုင်းက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု ဘရူနိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဒီပို့ဆောင်မှုက နောက်လတွေမှာ ဆက်လက်ရောက်ရှိလာမယ့် ဆေးတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

AstraZeneca ကာကွယ်ဆေး ၂၄,၀၀၀ သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မတ် ၃၁ ရက်တွင် သင်္ဘောဖြင့်တင်ပို့လိုက်ပြီး စင်ကာပူနိုင်ငံမှတစ်ဆင့် ဘရူနိုင်းနိုင်ငံသို့ ဧပြီ ၂ ရက်၌ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ၎င်းဆေးများသည် COVAX အစီအစဉ်ဖြင့် ဇွန်လကုန်ပိုင်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသော AstraZeneca ကာကွယ်ဆေး စုစုပေါင်း ၁၀၀,၈၀၀ ၏ ပထမအသုတ်လည်း ဖြစ်သည်။

ဘရူနိုင်းနိုင်ငံအတွင်း အသုံးပြုရန် Oxford-AstraZeneca ကာကွယ်ဆေး၊ Pfizer-BioNTech ကာကွယ်ဆေးနှင့် Sinopharm ကာကွယ်ဆေး စသည့်သုံးမျိုးကို အထူးခွင့်ပြုထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Brunei receives COVID-19 vaccines from COVAX facility
Source: Xinhua| 2021-04-03 09:16:27|Editor: huaxia
BANDAR SERI BEGAWAN, April 3 (Xinhua) — Brunei has received the first of a series of COVID-19 vaccine doses through the COVAX Facility, a World Health Organization-led initiative aimed at ensuring equal access to COVID-19 vaccines by various countries.
“This is a historic step in the fight against the COVID-19 pandemic and in ensuring the safety of the people in Brunei,” a press release from Brunei’s Ministry of Health said.
“This delivery is part of a wave of arrivals that will continue over the coming months,” the health ministry said.
According to the health ministry, 24,000 doses of AstraZeneca vaccine were shipped on Wednesday from Amsterdam via Singapore to Brunei, arriving on Friday. These 24,000 doses are the first of a total of 100,800 doses of AstraZeneca vaccine expected to be provided in batches by the COVAX Facility by the end of June.
Brunei has granted special authorization for three vaccines to be used in the country, namely the Oxford-AstraZeneca vaccine, Pfizer-BioNTech vaccine and Sinopharm vaccine. Enditem
Brunei’s Sultan Haji Hassanal Bolkiah receives a dose of COVID-19 vaccine injection at the royal palace Istana Nurul Iman in Bandar Seri Begawan, capital of Brunei, April 1, 2021. (Xinhua)