Connect with us

WORLD

၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံ၌ ရောဂါဘယဖြင့် သေဆုံးမှုတွင် COVID-19 ရောဂါက တတိယနေရာ၌ ရပ်တည်နေ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် လုပ်ကိုင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် နှလုံးရောဂါ နှင့် ကင်ဆာရောဂါတို့ဖြင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင် COVID-19 ရောဂါက လူသေဆုံးမှု တတိယအများဆုံးနေရာတွင် ရပ်တည်နေကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာ(CDC)၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် လေ့လာမှု အသစ်တစ်ရပ်အရ သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အမေရိကန်နိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့် ခန့်မှန်းခြေ သေဆုံးသူ ၃၇၅,၀၀၀ ဦးခန့် ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် သေဆုံးမှုနှုန်းသည် လက်တင်အမေရိကနွယ်ဖွားများအကြားတွင် အမြင့်ဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

COVID-19 ရောဂါဖြင့် သေဆုံးမှုနှုန်းသည် အသက် ၁ နှစ်မှ ၄ နှစ် အရွယ် နှင့် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးသူငယ်များအကြား အနည်းဆုံး ဖြစ်ပြီး အသက် ၈၅ နှစ် အထက်ရှိသူများတွင် အမြင့်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။ အမျိုးသားများအကြား အသက်အရွယ်အပိုင်းအခြားအလိုက် COVID-19 ရောဂါဖြင့် ဆက်စပ်သေဆုံးမှုနှုန်းသည် အမျိုးသမီးများထက် ပို၍ မြင့်မားကြောင်း လေ့လာမှုအရ သိရသည်။အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင် သေဆုံးသူ အရေအတွက် စုစုပေါင်း ၃,၃၅၈,၈၁၄ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် ၁၅ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း CDC ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၏ အသေအပျောက်အများဆုံး ရက်သတ္တပတ်များမှာ ဧပြီလတွင် ဖြစ်ပြီး ကပ်ရောဂါ စတင်ချိန် နှင့် ဒီဇင်ဘာလနှောင်းပိုင်း အားလပ်ရက်လယ်ကာလများတွင် မြင့်တက်ခဲ့ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ (Xinhua)
—————————–
(English Version)

COVID-19 third leading cause of death in U.S. in 2020

WASHINGTON, March 31 (Xinhua) — COVID-19 was the third leading cause of death in the United States in 2020, behind heart disease and cancer, according to a new study of the U.S. Centers for Disease Control and Prevention (CDC) published on Wednesday.

The COVID-19 pandemic caused approximately 375,000 deaths in the United States during 2020. The COVID-19 death rate was the highest among Hispanics, according to the study.

COVID-19 death rates were the lowest among children aged 1 to 4 years and 5 to 14 years, and the highest among those aged over 85 years. Meanwhile, the age-adjusted COVID-19 associated death rate among males was higher than that among females, according to the study.

The total number of deaths occurred in the country in 2020 was 3,358,814, an increase of 15.9 percent over the previous year, according to the CDC.
The deadliest weeks of 2020 were at the beginning of the pandemic in April and then in the middle of the holiday surge in late December, the study showed. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.