Connect with us

WORLD

ချီလီနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု တစ်သန်းကျော်ရှိလာသဖြင့် ကန့်သတ်မှုများ တင်းကြပ်

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာတစ်နေရာတွင် COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည့် သူနာပြုတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်တီရာဂို၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု စံချိန်အသစ်ထပ်မံရောက်ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက် တစ်သန်းကျော်သွားပြီးနောက် လက်ရှိ နိုင်ငံတစ်ဝန်း ကျန်းမာရေးကန့်သတ်ချက်များကို တင်းကြပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Enrique Paris က ဧပြီ ၁ ရက်က ကြေညာခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါဖြစ်ပွားသူအသစ် ၇,၈၃၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပြီး မတ် ၂၆ ရက်က ယခင်စံချိန်တင်ခဲ့သော ရောဂါဖြစ်ပွားသူဦးရေ ၇,၆၂၆ ဦးအား ကျော်သွားပြီဖြစ်ကြောင်း၊ စုစုပေါင်း ရောဂါဖြစ်ပွားသူအရေအတွက် ၁,၀၀၃,၄၀၆ ဦးဖြစ်လာပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်မှာလည်း ၂၃,၃၂၈ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ မြေအောက်ရထားဘူတာရုံတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ) 

ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ ရင်ပြင်တစ်ခုတွင် ပြည်သူများ အနားယူနေကြစဉ် (ဆင်ဟွာ) 

ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးသတ်မှတ်ချက်များအရ ချီလီကောင်စစ်ဝင်ရုံးစိုက်ရာ နိုင်ငံများမှ ၎င်းရုံး၏ ခွင့်ပြုချက်ရရှိထားသူများမှလွဲ၍ နိုင်ငံအတွင်းနေထိုင်သူမဟုတ်သော နိုင်ငံခြားသားများအား ချီလီနိုင်ငံသို့ ဝင်ရောက်ခြင်းကို ဧပြီ ၅ ရက်မှစ၍ ရက်ပေါင်း ၃၀ ကြာ ကန့်သတ်ထားမည်ဖြစ်ကြောင်း Paris က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် ချီလီနိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံခြားသားများကိုလည်း အရေးတကြီးနှင့် ကျန်းမာရေးကုသမှုများကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များမှလွဲ၍ ပြည်ပသို့ခရီးသွားလာခွင့် ရက် ၃၀ ကန့်သတ်လိုက်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် တစ်ဦးတစ်ယောက်ချင်းစီ ခရီးသွားပါမစ်များကိုလည်း ကွာရန်တင်းမြို့များအတွက် တစ်ပတ်လျှင် နှစ်ကြိမ်အထိ ကန့်သတ်သွားမည်ဖြစ်သလို ညမထွက်ရအမိန့်ကိုလည်း ရှေ့သို့တစ်နာရီတိုးကာ ည ၉:၀၀ နာရီသို့ သတ်မှတ်သွားမည်ဖြစ်သည်။

ထို့ပြင် လက်ရှိတွင် ဒေသခံ ၁၆ သန်းကျော်သည် အသွားအလာကန့်သတ်နေထိုင်လျက်ရှိပြီး ဧပြီ ၃ ရက်မှစ၍ မြို့ပေါင်း ၁၉ မြို့အား ထပ်မံ၍ ကွာရန်တင်းသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Chile to tighten restrictions with over one mln COVID-19 cases
Source: Xinhua| 2021-04-02 06:25:15|Editor: huaxia
SANTIAGO, April 1 (Xinhua) — Chilean Health Minister Enrique Paris announced on Thursday that current health restrictions will be tightened throughout the country, after Chile registered a new peak of COVID-19 infections and saw more than one million total cases.
The Health Ministry reported 7,830 new COVID-19 cases in the last 24 hours, which surpassed the previous record of 7,626 cases registered on March 26, bringing the accumulated total to 1,003,406, along with 193 more deaths, for a total of 23,328.
In a press conference, Paris said that starting Monday, non-resident foreigners will be prohibited from entering Chile for 30 days, with the exception of those authorized by the Chilean consulate in the country of origin based on health criteria issued by the ministry.
Travel abroad will also be restricted for 30 days for both Chilean citizens and resident foreigners, except for urgent and humanitarian reasons, health treatment.
Meanwhile, the curfew in place will be brought forward by an hour, to 9 p.m., while individual travel permits will be limited to two per week for quarantined towns.
In addition, starting Saturday, 19 more towns will enter quarantine, joining the more than 16 million residents already in confinement. Enditem
1-A nurse prepares a dose of COVID-19 vaccine at a vaccination site in Santiago, Chile, March 25, 2021. Chilean Health Minister Enrique Paris announced on April 1 that current health restrictions will be tightened throughout the country, after Chile registered a new peak of COVID-19 infections and saw more than one million cases in total. (Photo by Jorge Villegas/Xinhua)
2-People wearing face masks walk out of a subway station in Santiago, Chile, March 29, 2021. Chilean Health Minister Enrique Paris announced on April 1 that current health restrictions will be tightened throughout the country, after Chile registered a new peak of COVID-19 infections and saw more than one million cases in total. (Photo by Jorge Villegas/Xinhua)
3-People rest at a square in Santiago, Chile, March 29, 2021. Chilean Health Minister Enrique Paris announced on April 1 that current health restrictions will be tightened throughout the country, after Chile registered a new peak of COVID-19 infections and saw more than one million cases in total. (Photo by Jorge Villegas/Xinhua)