စင်ကာပူ၊မတ် ၇ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် မတ် ၆ ရက်က COVID-19 အတည်ပြုလူနာသစ် ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၆၀,၀၂၀ ဦးထိ ရှိလာခဲ့ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန(MOH)က ထုတ်ပြန်ခဲ့သည်။
ဘန်ကောက်၊ မတ် ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်လာသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောလျက်ရှိရာ COVID-19 ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များ (vaccine passports) နှင့် ကွာရန်တင်း ကင်းလွတ်ခွင့်များကို စဉ်းစားလျက်ရှိကြောင်း သိရသည်။
မက္ကစီကိုစီးတီး၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများအား ဒိုမီနီကာနိုင်ငံမှလွှဲပြောင်းရယူခြင်း အခမ်းအနားကို ဒိုမီနီကာနိုင်ငံ၏ မြို့တော် Roseau ၌ မတ်လ ၄ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ကာကွယ်ဆေးများသည် မတ်လ ၃ ရက်နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။
ဘူခါရက်စ် ၊ မတ် ၆ ရက် (ဆင်ဟွာ) ရိုမေးနီးယားနိုင်ငံ အမျိုးသားကူးစက်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ရိုမေးနီးယားနိုင်ငံ၌ တောင်အာဖရိကနိုင်ငံမှ ထုတ်ပြန်ထားသည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရသူ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ကာနေလ်ခရီလ်၊ မတ် ၆ ရက် (ဆင်ဟွာ) ဂီနီနိုင်ငံ မြို့တော် ကာနေလ်ခရီလ်တွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများဖြင့် တရားဝင် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို မတ် ၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ မတ် ၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူးရုံး တို့က မတ်လ ၄ ရက်၌ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် COVID-19 ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံအချို့က ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ပြီး တစ်ချိန်တည်းတွင် COVID-19...
ကိုင်ရို၊ မတ် ၅ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါခံစားနေရသောလူနာများအား COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၄ ရက်၌ စတင်ခဲ့ကြောင်း အီဂျစ် အစိုးရအဖွဲ့က ကြေညာချက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၆ ရက်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ ကာကွယ်ဆေးထိုးနှံပြီးနောက်သေဆုံးသူ (၂)ဦး ရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ(KDCA)နှင့် ဒေသခံအစိုးရက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသူ (၂)ဦးစလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာတွင် နေထိုင်ကြသူများ ဖြစ်ပြီး...
ဒါအိစ်ဆာလာမ် ၊ မတ် ၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော စာရင်းပြုစုချက်အရ အာဖရိကတိုက်၌ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃,၉၁၅,၃၀၄ ဦးရှိလာခဲ့ပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁၀၄,၃၉၈ ဦးရှိကြောင်း ၊ ရောဂါမှပြန်လည်သက်သာလာသူ...
ဖနွမ်းပင်၊ မတ် ၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen နှင့် ဇနီး Bun Rany သည် မတ် ၄ ရက်၌ Calmette ဆေးရုံတွင် AstraZeneca COVID-19 ကာကွယ်ဆေး ပထမဆုံးအကြိမ်ထိုးနှံမှု ခံယူခဲ့ကြောင်း...