Connect with us

WORLD

ဂီနီနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံခြင်းစတင်

ဂီနီနိုင်ငံ ကာနေလ်ခရီလ်မြို့တွင် တရုတ်နိုင်ငံက ကူညီထားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် စောင့်ဆိုင်းနေသူများကို မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာနေလ်ခရီလ်၊ မတ် ၆ ရက် (ဆင်ဟွာ)

ဂီနီနိုင်ငံ မြို့တော် ကာနေလ်ခရီလ်တွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများဖြင့် တရားဝင် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို မတ် ၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဘာသာရေးဝန်ထမ်းများ၊ အဓိကတာဝန်ယူထားသော ပြည်သူများနှင့် အသက် ၆၅ နှစ်အထက်ရှိသူများသည် ပထမဆုံး ကာကွယ်ဆေးထိုးနှံမှုခံယူရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Remy Lamah က ပြောခဲ့သည်။

ဂီနီနိုင်ငံ ကာနေလ်ခရီလ်မြို့တွင် တရုတ်နိုင်ငံက ကူညီထားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးကို မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂီနီနိုင်ငံ ကာနေလ်ခရီလ်မြို့တွင် တရုတ်နိုင်ငံက ကူညီထားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးကို မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည် ကျန်းမာရေးလုပ်ငန်းကို ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်သလို ကပ်ရောဂါတိုက်ဖျက်ရန်လည်း မျှော်လင့်ချက် ပိုမိုရရှိစေမည်ဖြစ်ကြောင်း ဂီနီနိုင်ငံတွင် တရုတ်ကာကွယ်ဆေး ပထမဆုံးထိုးနှံခဲ့သည့် ကျန်းမာရေးဝန်ထမ်း Mohamed Conde က ပြောခဲ့သည်။

တရုတ်နိုင်ငံမှ လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် ကာနေလ်ခရီလ်မြို့သို့ မတ် ၃ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဂီနီနိုင်ငံတွင် မတ် ၅ ရက်အထိ COVID-19 လူနာ ၁၆,၄၂၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၉၃ ဦးနှင့် ပြန်လည်ကျန်းမာလာသူ ၁၅,၀၉၁ ဦးရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Guinea launches vaccination campaign with Chinese vaccines
2021-03-06 10:45:20
CONAKRY, March 5 (Xinhua) — Guinea launched its official vaccination campaign against COVID-19 with Chinese vaccines on Friday here in its capital.
Medical and health personnel, religious workers, people in key positions and over-65 elders will get vaccinated first, Health Minister Remy Lamah said.
Vaccination with Chinese vaccines will bring greater convenience to medical work and more hope to the fight against the epidemic, said Mohamed Conde, the first health worker in the country to receive the Chinese vaccine shot.
A batch of China-donated COVID-19 vaccines arrived in Conakry on Wednesday.
As of Friday, the country has recorded 16,420 COVID-19 cases with 93 deaths and 15,091 recoveries. Enditem

1- People line up for a shot of China-aided vaccine in Conakry, capital of Guinea, March 5, 2021. Guinea kicked off its COVID-19 vaccination campaign on Friday with the first batch of vaccine donated by China. (Xinhua)
2- 3-A man receives a shot of China-aided vaccine in Conakry, capital of Guinea, March 5, 2021. Guinea kicked off its COVID-19 vaccination campaign on Friday with the first batch of vaccine donated by China. (Xinhua)