Connect with us

WORLD

ရိုမေးနီးယားနိုင်ငံတွင် တောင်အာဖရိကနိုင်ငံမှ ထုတ်ပြန်ထားသည့် ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ စတင်စစ်ဆေးတွေ့ရှိ

ရိုမေးနီးယားနိုင်ငံမြို့တော် ဘူခါရက်စ်တွင် ပြည်သူတို့က နှာခေါင်းစည်းတပ်၍ ဘက်စ်ကားစီးနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘူခါရက်စ် ၊ မတ် ၆ ရက် (ဆင်ဟွာ)

ရိုမေးနီးယားနိုင်ငံ အမျိုးသားကူးစက်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးစင်တာ ၏ မတ်လ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ရိုမေးနီးယားနိုင်ငံ၌ တောင်အာဖရိကနိုင်ငံမှ ထုတ်ပြန်ထားသည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရသူ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၅ ရက်တွင် နိုင်ငံအတွင်း ပထမဦးဆုံးဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသူမှာ ဘူခါရက်စ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏ မိသားစုဝင် ၃ ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သော်လည်း လက်ရှိချိန်တွင် သူမတစ်ဦးတည်းသာ တောင်အာဖရိကနိုင်ငံတွင် အစောဆုံးတွေ့ရှိခဲ့ရသည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည့် ဒုတိယမြောက်သောသူ မှာ ရိုမေးနီးယားနိုင်ငံ အလယ်ပိုင်းမြောက်ဘက်ဒေသရှိ Argeș ကောင်တီရှိ တူရကီနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် ၎င်းအနေဖြင့် မည်သည့်ရောဂါလက္ခဏာမျှ ခံစားနေရခြင်းမရှိဘဲ ၎င်းမှလည်း ပြည်ပသို့ ခရီးသွားခဲ့ခြင်းမရှိဟုပြောကြားခဲ့ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအချိန်တွင် ဗြိတိန်နိုင်ငံမှ တွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရသူကို ပထမဦးဆုံးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ရိုမေးနီးယားနိုင်ငံ၏ ထုတ်ပြန်ကြေညာချက်အရ မတ်လ ၂ ရက်အချိန်ထိ ရိုမေးနီးယားနိုင်ငံတွင် ဗြိတိန်နိုင်ငံမှတွေ့ရှိခဲ့သည့် ဗီဇပြောင်း COVID-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၂၀၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်ကူးစက်ခံထားရသူအများစုမှာ ဘူခါရက်စ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ ပညာရှင်များက အထက်ဖော်ပြပါ ဗီဇပြောင်း COVID-19 ရောဂါပိုးများသည် ကူးစက်ပြန့်ပွားမှု ပိုမိုမြင့်မားသောကြောင့် ပြည်သူလူထုများအား ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်များကို တင်းကျပ်စွာလိုက်နာရန် နှင့် ကာကွယ်ဆေးများထိုးနှံကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ အစိုးရ၏ မတ်လ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရိုမေးနီးယားနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၄,၃၄၂ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၈၂၀,၉၃၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁၀၁ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၀,၇၈၅ ဦးအထိရှိလာခဲ့ကြောင်း ၊ မတ်လ ၅ ရက်အချိန်ထိ ရိုမေးနီးယားနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူ ၁.၁၁ သန်းကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူမှာ ၆၃၆,၀၀၀ ကျော်ရှိကြောင်းသိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际疫情)罗马尼亚首次报告在南非发现的变异新冠病毒感染病例
2021-03-06 07:48:50 分类: 医药卫生
  新华社布加勒斯特3月5日电(记者林惠芬)罗马尼亚国家传染病监控中心5日宣布,该国当天确诊两例最初在南非发现的变异新冠病毒感染病例。
  罗国家传染病监控中心说,当天确诊的首例患者是布加勒斯特一名女性,家中3人全部被确诊感染新冠病毒,目前只有她一人被检测出感染最早在南非发现的变异新冠病毒。另一名确诊患者是该国中南部阿尔杰什县的土耳其籍男子。他没有任何不适症状,自述没有出境旅行史。
  罗马尼亚今年1月上旬曾报告首例最早在英国发现的变异新冠病毒感染病例。罗国家传染病监控中心数据显示,截至3月2日,罗全国共确诊200例在英国发现的变异新冠病毒感染病例,绝大多数病例在布加勒斯特。
  鉴于上述两种变异新冠病毒传播性强,罗专家呼吁民众严格遵守疫情防控规定,鼓励更多人接种疫苗。
  罗马尼亚官方3月5日公布的新冠疫情统计显示,过去24小时该国新增确诊病例4342例,累计确诊820931例;新增死亡病例101例,累计死亡20785例。截至当天,该国共有超过111万人接种新冠疫苗,其中超过63.6万人完成两剂疫苗接种。(完)

Photo

2020年8月1日,在罗马尼亚首都布加勒斯特,市民佩戴口罩乘坐公交车。(新华社发,彼得雷斯库摄)