ဆန်တီရာဂို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ချီလီနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ဆက်လက်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ Sinovac ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေး စတုတ္ထမြောက်အသုတ်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ချီလီအစိုးရ ကိုယ်စားလှယ်များက လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဝန်ကြီး Carla Vizzotti က ၎င်းတွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ကွာရန်တင်းဝင်ရောက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ဟာရာရီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇင်ဘာဘွေနိုင်ငံအား နောက်ထပ် COVID-19 ကာကွယ်ဆေးအလုံးရေ ၂၀၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံအမတ်ကြီး Guo Shaochun က ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။
ဆောပိုလို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်အချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀.၄ သန်းခန့်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံပြည်နယ်အသီးသီးတွင် ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားလာခဲ့ပြီး ပြည်နယ်အများအပြား၏ ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ခဲ့ရကြောင်း...
လီမာ ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ဘိုလီးဗီးယားနိုင်ငံ အကြီးဆုံးစီးပွားရေးမြို့တော် Santa Cruz သို့ရောက်ရှိခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce ၊ နိုင်ငံခြားရေးဝန်ကြီး...
မနီလာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆ သိန်းသည် တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကျောင်းဆရာဆရာမများ နှင့် စာသင်ကျောင်းဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ် Muhyiddin Yassinက ပထမဆုံး ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။
ဆန်တိုဒိုမီနီဂို၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ဒိုမီနီကန်သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ Sinovac ဆေးဝါးကုမ္ပဏီမှထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများကို ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက လက်ခံရရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဒက်ကာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆီနီဂေါနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ပထမအဆင့်ကို ဖေဖော်ဝါရီ ၂၃ ရက်က တရားဝင်စတင်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှု ခြေလှမ်းသစ်တစ်ခု ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။