Connect with us

WORLD

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက်လျက်ရှိ

မလေးရှားနိုင်ငံ ပူထရာဂျာရာတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုဗစ်-၁၉ ကာကွယ်ဆေးအား ပြသနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဖေ‌ဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ် Muhyiddin Yassinက ပထမဆုံး ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် မလေးရှား ဝန်ကြီးချုပ် Muhyiddin၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hishamနှင့် ကပ်ရောဂါထိန်းချုပ်ရေး ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသူများအား Pfizer-BioNTech ကိုဗစ်ကာကွယ်ဆေး ပထမတစ်လုံး ထိုးပေးခဲ့ကြောင်း ဒေသရုပ်မြင်သံကြားဌာနများမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းမှာ မလေးရှားတစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးအစီအစဉ် တရားဝင်စတင်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ပူထရာဂျာရာတွင် မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ပူထရာဂျာရာတွင် မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားအစိုးရ ထုတ်ပြန်ချက်များအရ ကိုဗစ်ကာကွယ်ဆေးကို အဆင့်(၃)ဆင့်ခွဲခြား လုပ်ဆောင်သွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျန်းမာရေးဝန်ထမ်းစသည့် ကပ်ရောဂါထိန်းချုပ်ရေး ရှေ့တန်းရောက်ဝန်ထမ်းများကိုလည်းကောင်း ၊ ဒုတိယအဆင့်အနေဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် ကူးစက်မှုအန္တရာယ်မြင့်မားသောလူအုပ်စုများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် အသက် (၁၈)နှစ်အထက်ရှိသူများကိုလည်းကောင်း တိုးချဲ့၍ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ အစီအစဉ်တစ်ခုလုံးအရ နိုင်ငံစုစုပေါင်းလူဦးရေ၏ (၈၀)ရာခိုင်နှုန်းကို လွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ပြီးဆုံးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့နေ့လည်ပိုင်းအထိ ပြီးခဲ့သော(၂၄) နာရီအတွင်း ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၃,၅၄၅)ဦး၊ စုစုပေါင်းအတည်ပြုလူနာ (၂၉၁,၇၇၄)ဦး၊ စုစုပေါင်းသေဆုံး (၁,၀၈၈)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————-
(Chinese Version)
(国际疫情)马来西亚启动新冠疫苗接种计划
2021-02-24 23:25:42
新华社吉隆坡2月24日电(记者林昊 郁玮)马来西亚24日正式启动新冠疫苗接种计划,总理穆希丁成为首位接种者。
当地电视台直播画面显示,穆希丁、马来西亚卫生部总监努尔•希沙姆以及几名疫情防控一线人员当天率先接种了第一剂由美国辉瑞制药公司与德国生物新技术公司联合研发的新冠疫苗。这标志着马来西亚全国疫苗接种计划正式启动。
  根据马来西亚政府发布的方案,该国新冠疫苗接种将分三阶段进行,首阶段接种者为医护人员等疫情防控一线工作人员,第二阶段为高龄人口和高风险人群,第三阶段扩大到18岁以上成年人。整个计划将覆盖至少马来西亚总人口的80%,预计于2022年2月完成。
马来西亚卫生部24日发布的疫情数据显示,截至当天中午,过去24小时该国新增新冠确诊病例3545例,累计确诊291774例,累计死亡1088例。(完)
(210224) — PUTRAJAYA, Feb. 24, 2021 (Xinhua) — A medical worker shows a dose of COVID-19 vaccine in Putrajaya, Malaysia, Feb. 24, 2021.

(210224) — PUTRAJAYA, Feb. 24, 2021 (Xinhua) — Malaysian Prime Minister Muhyiddin Yassin receives a shot of COVID-19 vaccine in Putrajaya, Malaysia, Feb. 24, 2021.

(210224) — PUTRAJAYA, Feb. 24, 2021 (Xinhua) — Malaysian Health Ministry Director-General Noor Hisham Abdullah receives a shot of COVID-19 vaccine in Putrajaya, Malaysia, Feb. 24, 2021.