ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း မကြာမီ ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ဒီဇင်ဘာ၂၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်သည် ၎င်းနေထိုင်ရာ Delaware ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူနေပုံကို ရုပ်သံမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ ၄ သိန်းကျော်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကူးစက်မှုနှုန်းအလွန်လျင်မြန်သည့် ဗီဇပြောင်း ဗိုင်းရပ်စ် COVID-19 ရောဂါမျိုးကွဲသစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမှ လေယာဉ်အဝင် ပိတ်ပင်တားမြစ်သည့် ကြေညာချက်တစ်ခုကို အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဗြိတိနိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထွက်ပေါ်လာခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် ညသန်းခေါင်ယံမှစ၍ ၄၈ နာရီကြာ ဗြိတိန်ခရီသွားဝင်ရောက်ခြင်းကို ယာယီရပ်နားထားမည်ဟု ပြင်သစ်အစိုးရက ယင်းနေ့တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာ ၁၀ သန်းကျော်ရှိလာကြောင်းနှင့် ကာကွယ်ဆေး ၂ ဘီလီယံနီးပါး ရရှိမည်ဟု WHO ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်း ခံယူမှု တိုက်ရိုက်ရုပ်သံကို ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။
ကိုပင်ဟေဂင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဥရောပတစ်ခွင် COVID-19 ကူးစက်မှုများ တိုးမြင့်လာသဖြင့် အားလပ်ရက်ရာသီ အလေ့အထနှင့် စိတ်ကျန်းမာရေး ထိခိုက်မှုများ မြင့်တက်လာခြင်းများက အဓိက သတိပြုဖွယ်ရာများဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဥရောပဆိုင်ရာ ဒေသတွင်း ညွှန်ကြားရေးမှူး Hans Kluge...
ဘူခါရက်စ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုးရိုမေးနီးယားနိုင်ငံသမ္မတ Klaus Iohannis က ဒီဇင်ဘာ ၁၈ ရက်၌ မြို့တော် ဘူခါရက်စ် ရှိ COVID-19 ရောဂါ ကာကွယ်ဆေးအသစ် သိုလှောင်ရေးစင်တာသို့သွားရောက်စဉ်အတွင်း ယခုနှစ် ခရစ္စမတ်အပြီးတွင် ရိုမေးနီးယားနိုင်ငံ အနေဖြင့်...
ဘာလင်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဂျာမနီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Jens Spahn က COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှု၏ အသေးစိတ်အစီအစဉ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ကြေညာခဲ့ပြီး အဆိုပါ လှုပ်ရှားမှု၏ ပထမဆုံး ရည်ရွယ်ချက် ပန်းတိုင်မှာ...