Connect with us

WORLD

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်သူ ၄၅ သန်းအတွက် COVID-19 ကာကွယ်ဆေး ပံ့ပိုးပေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဆေးရုံတစ်ရုံတွင် COVID-19 စစ်ဆေးရန်အတွက် ကျန်းမာရေးဝန်ထမ်းတစ်ဦးက နှာခေါင်းတို့ဖတ်နမူနာ ရယူနေစဉ် (ဆင်ဟွာ)

ဒါကာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအဖွဲ့က မေလ သို့မဟုတ် ဇွန်လမတိုင်မီ အနည်းဆုံး ပြည်သူ ၄၅ သန်းအတွက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၁ ရက်က ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့်အတူ ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် မေလ သို့မဟုတ် ဇွန်လမတိုင်မီ နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း ပြည်သူ ၄၅ သန်းအား ကာကွယ်ဆေးထိုးရန် ခွင့်ပြုချက်ကို အတည်ပြုခဲ့ကြောင်း အစိုးရအဖွဲ့ ဝန်ကြီး Khandker Anwarul Islam က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇန်နဝါရီလကုန်ပိုင်း သို့မဟုတ် ဖေဖော်ဝါရီလ ပထမပတ်တွင် ကာကွယ်ဆေး သန်း ၃၀ ရောက်ရှိမည်ဖြစ်ပြီး နောက်ထပ်ကာကွယ်ဆေး သန်း ၆၀ လည်း မေလ သို့မဟုတ် ဇွန်လတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
လူတစ်ဦးလျှင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ပြည်သူ ၄၅ သန်းသည် COVID-19 ကာကွယ်ဆေး ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————–
(English Version)

Bangladesh to provide COVID-19 vaccine for 45 mln people

DHAKA, Dec. 22 (Xinhua) — Bangladesh’s cabinet has decided to vaccinate at least 45 million people before May or June.
After the cabinet meeting with Prime Minister Sheikh Hasina in the chair on Monday, Cabinet Secretary Khandker Anwarul Islam told reporters that the cabinet gave its approval to a proposal to vaccinate a total of 45 million people across the country before May or June.
According to Islam, 30 million doses of vaccine will arrive in the country at the end of January or first week of February while another 60 million doses in May or June.
With each person receiving two shots, he said, 45 million people will have their vaccines against the COVID-19. Enditem

A medical worker collects a sample for COVID-19 testing at a hospital in Dhaka, Bangladesh, on May 3, 2020. (Str/Xinhua)