Connect with us

WORLD

သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုများကြောင့် ယူကေလေကြောင်းပျံသန်းမှုများကို ဥရောပနိုင်ငံများ ရပ်နားထား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လန်ဒန်နံရံဆေးရေးပန်းချီကားတစ်ခုအနီး လမ်းလျှောက်သွားနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဥရောပနိုင်ငံအတော်များများသည် ကူးစက်မြန် သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြောင့် ဗြိတိန်နိုင်ငံမှ လေကြောင်းပျံသန်းမှုများကို ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်သည် ဗြိတိန်နှင့် ဥရောပရှိ လူအမြောက်အများ၏ ခရစ္စမတ်ပွဲတော် အစီအစဉ်များရော အင်္ဂလန်ရေလက်ကြားတစ်ဘက်တစ်ချက်ရှိ မိသားစုများ၊ မိတ်ဆွေများနှင့် အားလပ်ရက် ကုန်ဆုံးရန် ရည်ရွယ်ထားခြင်းများကိုပါ ပရမ်းပတာဖြစ်စေခဲ့သည်။ခရီးသွားလာမှုကန့်သတ်ချက်များ၏ ဆင့်ကဲအကျိုးဆက်အဖြစ် COVID-19 သန္ဓေပြောင်းဗီဇအပေါ် စိုးရိမ်မှု မြင့်တက်လာခြင်းဖြစ်ပြီး လန်ဒန်မြို့နှင့် ဗြိတိန်၏ အခြားသောဒေသများသည် ခရစ္စမတ်ပွဲတော်ကာလအတွင်း ကန့်သတ်ချက်အဆင့် ၄ သို့ ရောက်ရှိသွားခဲ့ကြောင်း လန်ဒန်အခြေစိုက် Evening Standard သတင်းစာက ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Oxford လမ်းရှိ ကြော်ငြာဆိုင်းဘုတ်တစ်ခုအနီး လမ်းလျှောက်သွားနေကြသော နှာခေါင်းစည်းတပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံသည် လေကြောင်းပျံသန်းမှုအပေါ် တားမြစ်ကြောင်း ကြေညာခဲ့သည့် ပထမဆုံး အဓိကဥရောပနိုင်ငံဖြစ်လာခဲ့ပြီး ယင်းနောက် ဘယ်လ်ဂျီယံနိုင်ငံကလည်း ရေလက်ကြားဥမင် အသုံးပြုကာ ဗြိတိန်သို့ ဝင်ထွက်ပြေးဆွဲသည့် ရထားများကို ရပ်နားခဲ့သည်။ ထို့နောက် ဩစတြေးလျနှင့် အီတလီ နိုင်ငံတို့လည်း ယင်းသို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဝါတာလူးမြေအောက်ဘူတာရုံ ဆိုင်းဘုတ်တစ်ခုအနီး လမ်းလျှောက်နေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စာရင်းသည် ပြင်သစ်နှင့် ဂျာမနီ နိုင်ငံများက ဗြိတိန်နိုင်ငံမှ အဝင်အထွက် လေကြောင်းခရီးစဉ်များ လာရောက်ခြင်းကို တားမြစ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အိုင်ယာလန်နိုင်ငံသည်လည်း လေကြောင်းခရီးစဉ်များနှင့် သင်္ဘောခရီးစဉ်များကို ကန့်သတ်သွားဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် Eurostar သယ်ယူပို့ဆောင်ရေးလုပ်ငန်းကလည်း လန်ဒန်၊ ဘရပ်ဆဲလ်နှင့် အမ်စတာဒမ် မြို့များအကြား ပြေးဆွဲသည့် ရထားခရီးစဉ်များကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပယ်ဖျက်ထားကြောင်း ကြေညာခဲ့ပြီးဖြစ်သော်လည်း လန်ဒန်မှ ပဲရစ်သို့ ခရီးစဉ်ကိုမူ ဆက်လက်ပြေးဆွဲသွားမည်ဟု ဒီဇင်ဘာ ၂၀ ရက်က ပြောခဲ့သည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အရုဏ်တက်ချိန်တွင် Millennium တံတားပေါ်၌ လမ်းလျှောက်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ) 

စကော့တလန် ပထမဝန်ကြီး Nicola Sturgeon က အင်္ဂလန်နှင့် နယ်စပ်ကို ထိရောက်စွာပိတ်ထားခဲ့ပြီး ပြည်သူများကို စကော့တလန်နိုင်ငံမှ အဝင်ရောအထွက်ပါ ပြုလုပ်ခွင့်မရှိကြောင်း ကြေညာထားသည်။ အင်္ဂလန်နယ်စပ်၌လည်း ရဲတပ်ဖွဲ့ဝင်အင်အားနှစ်ဆချထားကြောင်း စကော့တလန်ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်နှင့် အင်္ဂလန်အရှေ့တောင်ပိုင်းတခွင် သန္ဓေပြောင်း ဗိုင်းရပ်စ် လျင်မြန်စွာပျံ့နှံ့နေကြောင်း သတိပေးခဲ့သော ဒီဇင်ဘာ ၁၉ ရက်တွင် ဒေါင်းနင်းလမ်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်လာကြခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံ မြို့တော်၌ အသစ်သတ်မှတ်လိုက်သော တားမြစ်ချက်အဆင့် ၄ ကြေညာချက်ကြောင့် ခရစ္စမတ်ပွဲတော်အတွင်း အသွားအလာကန့်သတ်မှုကို ရှောင်ရှားရန် မြို့တော်မှ ထွက်ခွာကြမည့် လူပေါင်းများစွာသည် ရထားဘူတာများတွင် စုပုံနေခဲ့သည်။

ထို့ပြင် ယခင်အစီအစဉ်ဖြစ်သော ခရစ္စမတ်ပွဲတော်ကာလငါးရက်အတွင်း မိသားစုသုံးစုအထိ တွေ့ဆုံခွင့်ပြုထားခြင်းကိုလည်း ပယ်ဖျက်သွားမည်ဟု ဂျွန်ဆင်က ပြောခဲ့သည်။

အသွားအလာကန့်သတ်ချက် အဆင့် ၄ သတ်မှတ်ချက်မတိုင်မီ ရှောင်ရှားလိုသည့် ပြည်သူများအား “တာဝန်သိစိတ် လုံးဝမရှိ” ဟူ၍ ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock က စွပ်စွဲပြစ်တင်ခဲ့ကြောင်း Evening Standard သတင်းစာက ဖော်ပြထားသည်။

ကန့်သတ်ချက် အဆင့် ၁၊ ၂ နှင့် ၃ တွင်မူ အိမ်ထောင်မိသားစုများအနေဖြင့် ခရစ္စမတ်နေ့တွင်သာလျှင် သုံးစုအထိ တွေ့ဆုံခွင့်ပြုသွားမည်ဖြစ်သော်လည်း အဆင့် ၄ တွင်မူ ပြည်သူများအနေဖြင့် မိမိနေအိမ်ပြင်ပရှိ မည်သူနှင့်မျှ တွေ့ဆုံခွင့်မပြုကြောင်း သတ်မှတ်ထားသည်။

ဂျွန်ဆင်၏ ပြောကြားချက်အရ အသစ်တွေ့ရှိထားသော ဗိုင်းရပ်စ်သည် တစ်ဆင့်ကူးစက်မှုနှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိနိုင်ကြောင်း သိရသည်။

ဗီဇပြောင်းဗိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံတွင် “ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း” ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံသားများ အထူးသဖြင့် ကန့်သတ်ချက်အဆင့် ၄ ဧရိယာတွင် ရှိနေပြီး ဗိုင်းရပ်စ်ကူးစက်ခံထားပြီးသူများအနေဖြင့် ဆင်ခြင်ပြုမူနေထိုင်ကြရန် Hancock က ဒီဇင်ဘာ ၂၀ ရက်၌ တိုက်တွန်းထားသည်။

အဆိုပါ သန္ဓေပြောင်းဗိုင်းရပ်စ်သည် လန်ဒန်နှင့် Kent ဒေသများ၌ စက်တင်ဘာလလယ်ပိုင်းက ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် အစိုးရ သိပ္ပံပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ Patrick Vallance က ပြောခဲ့သည်။

ဒီဇင်ဘာလတွင်မူ အဆိုပါ ဗိုင်းရပ်စ်သည် လန်ဒန်မြို့တွင် “ဆင့်ကဲသန္ဓေပြောင်းလဲမှု” ဖြစ်လာခဲ့ကြောင်း Vallance က ဆိုသည်။

ဒီဇင်ဘ ၉ ရက်အထိ သန္ဓေပြောင်းဗိုင်းရပ်စ်ကူးစက်မှုအနေဖြင့် လန်ဒန်တွင် ၆၂ ရာခိုင်နှုန်း၊ အင်္ဂလန်အရှေ့ပိုင်းတွင် ၅၉ ရာခိုင်နှုန်းနှင့် South East တွင် ၄၃ ရာခိုင်နှုန်းရှိကြောင်း Vallance အဆိုအရ သိရသည်။

ပုံမှန် ဘဝနေထိုင်မှုအခြေအနေသို့ ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရန် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် စသည့်နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ဖော်ထုတ်ရန် အချိန်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#Britain, #MutantCoronavirus, #Europe, #Xinhua, #ဗြိတိန်, #သန္ဓေပြောင်းကိုရိုနာဗိုင်းရပ်စ်, #ဥရောပ, #ဆင်ဟွာ

——————————————–
(English Version)

Several European countries halt UK flights over fears of mutant coronavirus

LONDON, Dec.20 (Xinhua) — A number of European countries on Sunday began to ban flights from Britain following the emergence of a highly infectious variant of coronavirus.
It has thrown into chaos the Christmas plans of hundreds of thousands of people in Britain and Europe for aiming to spend the holidays with families and friends on either side of the English Channel.
A domino effect of travel restrictions was growing amid rising concern over the mutant strain of COVID-19 that has effectively plunged London and other parts of Britain into the new Tier Four restrictions over Christmas, the London-based Evening Standard newspaper reported.
The Netherlands became the first major European country to announce a ban on flights, followed by neighboring Belgium which also halted Britain-bound trains using the Channel Tunnel. Austria and Italy also followed suit.
The list was expected to quickly grow with France and Germany also mulling grounding flights to and from Britain. Britain’s neighbor Ireland is expected to restrict flights and ferries.
Eurostar announced it was canceling trains between London, Brussels and Amsterdam from Monday, but the train operator said Sunday that trains were continuing to operate on the London to Paris route.
Scottish First Minister Nicola Sturgeon effectively closed the border with England, announcing people could not enter or leave Scotland. Police Scotland said it had doubled the number of officers stationed on the English border.
The latest development followed a Downing Street virtual press conference on Saturday during which British Prime Minister Boris Johnson warned of a mutation of the virus which has quickly spread across London and the southeast of England.
The announcement of a new Tier Four restriction for the British capital provoked a race to major rail terminals in London with thousands of people fleeing the capital to escape a lockdown over Christmas.
Johnson said that the previous plan to allow up to three households to meet during five days around Christmas will have to be scrapped.
People should not to travel into a Tier Four area, though support bubbles remain unaffected as do the exemptions for separated parents and their children.
British Health Secretary Matt Hancock on Sunday criticised people who escaped London before the new Tier four lockdown came into force in the day as “totally irresponsible”, the Evening Standard newspaper reported.
For those in Tiers One, Two and Three, rules allowing up to three households to meet will now be limited to Christmas Day only, while in Tier Four, people should not mix with anyone outside their own household, apart from support bubbles.
According to Johnson, the newly identified strain of the virus may be up to 70 percent more transmissible.
Hancock said Sunday that the new variant was “out of control” in Britain, urging Britons to behave as if they already have the virus, especially in areas under the new Tier Fours restrictions.
The British government’s Chief Scientific Adviser Patrick Vallance has said the new variant was first seen in mid-September in London and Kent.
By December, the new variant had become the “dominant variant” in London, said Vallance.
By the week ending Dec. 9, the new variant accounted for 62 percent in London, 59 percent in eastern England, and 43 percent in the South East, according to Vallance.
To bring life back to normal, countries such as Britain, China, Germany, Russia and the United States are racing against time to develop coronavirus vaccines. Enditem
1-A person walks past a mural painting of London, in London, Britain, on Dec. 16, 2020. (Photo by Tim Ireland/Xinhua)
2- People wearing face masks walk past sale advertisement on Oxford Street in London, Britain, on Dec. 18, 2020.(Xinhua/Han Yan)
3- A person walks past a sign at Waterloo Underground Station in London, Britain, on Dec. 16, 2020. (Photo by Tim Ireland/Xinhua)
4- People walk on the Millennium Bridge at sunrise in London, Britain, on Dec. 16, 2020. (Photo by Tim Ireland/Xinhua)