Connect with us

WORLD

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးအား ဈေးကွက်တင်ရန် ဥရောပသမဂ္ဂ ခွင့်ပြု

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌUrsula von der Leyenက ဈေးကွက်တင်နိုင်သည့် ကာကွယ်ဆေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဥရောပ ဆေးဝါးအေဂျင်စီ(EMA)က ဒီဇင်ဘာ ၂၁ ရက်တွင် Pfizerနှင့်BioNTechတို့အတူ ပူးပေါင်းထုတ်လုပ်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုး၏ လုံခြုံမှုနှင့်ထိရောက်မှုကို အပြုသဘောအကဲဖြတ်မှုများပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးအား ဥရောပသမဂ္ဂနယ်နိမိတ်အတွင်း မကြာမီ ဈေးကွက်တင်နိုင်ရန် ဥရောပကော်မရှင်က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂအနေဖြင့် ယင်းကာကွယ်ဆေးကို ရောင်းချခွင့်နှင့် ဥရောပသမဂ္ဂဈေးကွက်အတွင်း ဝင်ရောက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ၎င်းကာကွယ်ဆေးကို တူညီသည့်အချိန်နှင့်အခြေအနေမျိုးတွင် ဥရောပသမဂ္ဂနိုင်ငံအားလုံးကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆိုသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌUrsula von der Leyenက ဈေးကွက်တင်နိုင်သည့် ကာကွယ်ဆေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနေသည်ကို ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာမည့်ရက်များတွင် ပထမအသုတ်ကာကွယ်ဆေးကို ဘရပ်ဆဲလ်မြို့ရှိ Pfizerကုမ္ပဏီ ထုတ်လုပ်မှုစခန်းမှ ပို့ဆောင်ပေးမည်ဖြစ်ရာ မကြာမီ ဥရောပနိုင်ငံအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် စက်တင်တင်ဘာ မတိုင်မီ ကာကွယ်ဆေး သန်း (၂၀၀) ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

လူပေါင်း(၄၄,၀၀၀)၏လက်တွေ့စမ်းသပ်မှုများကို အခြေခံ၍ ကာကွယ်ဆေးကို အကဲဖြတ်ခဲ့ခြင်းဖြစ်ပြီး ဘေးကင်းလုံခြုံမှု၊အရည်အသွေးစံချိန်များနှင့်ကိုက်ညီရာ အသက် ၁၆ နှစ်နှင့်အထက်ရှိသူများအား ထိုးနှံပေးနိုင်ကြောင်း ဥရောပ ဆေးဝါးအေဂျင်စီ(EMA) တာဝန်ခံ Emer Cookeက ယင်းနေ့တွင် ကျင်းပသည့်ဗီဒီယို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အကဲဖြတ်လုပ်ငန်းများသည် ရပ်တန့်နေမည်မဟုတ်ကြောင်း၊ ဆက်လက်ပြီး ကာကွယ်ဆေး၏ဘေးကင်းထိရောက်မှုဆိုင်ရာ ကိန်ဂဏန်းအချက်အလက်များကို စုစည်းမှုနှင့်ခွဲခြမ်းစိတ်ဖြာလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ကာကွယ်ဆေးက ဗြိတိန်တွင် အသစ်တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်ပေါ်ထိရောက်ပုံကို ပြောကြားရာတွင် ဗီဇပြောင်းဗိုင်းရပ်စ်ကို ထိရောက်မှုမရှိသည့် သက်သေအထောက်အထားများ မတွေ့ရှိရသေးကြောင်း Emer Cooke က ဆိုသည်။

ဥရောပ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာမှ ထုတ်ပြန်သည့် အပတ်စဉ် ကပ်ရောဂါအခြေအနေအစီရင်ခံစာတွင် လက်ရှိ ဥရောပသမဂ္ဂ၊ ဥရောပတိုက်စီးပွားရေးနယ်မြေ(EEA)နှင့် ဗြိတိန်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၁၅.၁၃) သန်းကျော် ရှိပြီး ၎င်းတို့အနက် သေဆုံးသူ (၃၇၆,၀၀၀) ခန့် ရှိကြောင်း သိရသည်။(Xinhua)

——————————————–
(Chinese Version)

(国际疫情)欧盟批准一款新冠疫苗有条件上市

  新华社布鲁塞尔12月21日电(记者李骥志)欧洲药品管理局21日就美国辉瑞制药有限公司与德国生物新技术公司联合研发的一款新冠疫苗的安全性和有效性做出正面评估,欧盟委员会随后批准该疫苗在欧盟境内有条件上市。
欧盟委员会主席冯德莱恩当晚发表声明说,欧盟已决定授予该款疫苗有条件销售许可,授权其进入欧盟市场。她表示,该疫苗将在同一时间、同等条件下提供给欧盟所有国家。未来几天,首批疫苗将从辉瑞公司在比利时的生产基地发货,各国随后可以开始疫苗接种工作。预计2021年9月前可以交付2亿剂疫苗。
  欧洲药品管理局负责人艾梅尔•库克当天在视频新闻发布会上表示,药管局是基于对约4.4万人的临床试验数据完成对疫苗的评估,并确保其安全性和有效性以及符合必要的质量标准,可供16岁以上人群接种。评估工作不会就此止步,接下来将继续收集和分析有关疫苗安全性和有效性的数据。

  谈到疫苗对在英国新发现的变异新冠病毒的有效性,库克表示,尚无证据表明该疫苗对变异病毒无效。
  据欧洲疾病预防控制中心发布的每周疫情报告,目前欧盟、欧洲经济区和英国累计新冠确诊病例超过1513万例,其中死亡病例约37.6万例。(完)
图说:12月21日,在比利时布鲁塞尔,欧盟委员会主席冯德莱恩就疫苗有条件上市发表声明。