ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၆ ရက်ညပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၃ ရက် မှ ၄ ရက် အထိ ကုလသမဂ္ဂအထွေထွေညီလာခံအထူးအစည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး COVID-19 ရောဂါရင်ဆိုင်ဖြေရှင်းရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်၌ အဆိုပြုချက်တစ်ခုအားအတည်ပြုဆုံးဖြတ်ခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ပေကျင်း၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရုရှားနှင့်ယူကရိန်းတွင် တစ်ရက်အတွင်း ထပ်တိုး လူနာဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် အဆင့်မြင့်အရာရှိကြီးများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နိုဝင်ဘာ ၄ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါစတင်ပျံ့နှံ့ချိန်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ခံရသော ကလေးငယ်အရေအတွက်သည် ၈၅၀,၀၀၀ ကျော်ရှိလာပြီးဖြစ်ကြောင်း အမေရိကန်ကလေးသူငယ်ကျန်းမာရေးလေ့လာမှုအကယ်ဒမီ နှင့် ကလေးဆေးရုံများအသင်းမှ ထုတ်ပြန်သော အစီရင်ခံစာ အသစ်တစ်စောင်အရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အင်္ဂလန်တွင် လော့ခ်ဒေါင်းကာလ ထပ်တိုးနိုင်ကြောင်းနှင့် အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများစတင်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက် သတင်းများအရ သိရသည်။
ဂျီနီဗာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါ ကာလတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ တုတ်ကွေးရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ပို၍ ဂရုစိုက် သတိထားသင့်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် တုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပညာရှင်များက နိုဝင်ဘာ ၂ ရက်တွင် အလေးထား...
တီဘလီစီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)ဘာသာပြန် – ခေါန်ရိန် ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Giorgi Gakharia သည် နိုဝင်ဘာ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာ ရောဂါတွေ့ရှိခဲ့ကြောင်း သိရသည်။
ပါရီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဝမ်းနည်းပူဆွေးထိတ်လန့်နေသော ဩစတြီးယားပြည်သူများအား ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး တစ်ဆက်တည်းမှာပင် ၎င်းက “ကျွန်တော်တို့ရန်သူတွေ ခင်ဗျားတို့ဘယ်သူတွေနဲ့ ရင်ဆိုင်နေလဲဆိုတာ သိရစေလိမ့်မယ် ၊ ကျွန်တော်တို့ လုံးဝအလျှော့ပေးမှာ မဟုတ်ဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဗျူနိုအေးရစ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အာဂျင်တီးနားနိုင်ငံသည် ရုရှားနိုင်ငံမှ ထုတ်လုပ်သော “Sputnik V” COVID-19 ရောဂါကာကွယ်ဆေးဝါး ၂၅ သန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်း ဝယ်ယူသွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံသမ္မတ အယ်ဗာတိုဖာနန်ဒက်(Alberto...