Connect with us

WORLD

ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် COVID-19 ကူးစက်ခံရ

ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Giorgi Gakharia ကို တွေ့ရစဉ် (ဆင်ဟွာ)

တီဘလီစီ ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)ဘာသာပြန် – ခေါန်ရိန်

ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Giorgi Gakharia သည် နိုဝင်ဘာ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာ ရောဂါတွေ့ရှိခဲ့ကြောင်း သိရသည်။

Gakharia သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် ရောဂါတိုက်ဖျက်ရန် နေအိမ်၌ပင် နေထိုင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဆိုသည်။ဝန်ကြီးချုပ်သည် ယမန်နေ့က ၎င်း၏ လုံခြုံရေးအစောင့်အရှောက်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီးနောက် သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်က Facebook မှတစ်ဆင့် ကြေညာခဲ့သည်။

ဂျော်ဂျီယာနိုင်ငံ စီးပွားရေးဝန်ကြီး Natia Turnava သည်လည်း ရောဂါပိုးရှိသော ဝန်ထမ်းတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် နိုဝင်ဘာ ၂ ရက်အစောပိုင်းက သီးသန့်ခွဲခြားနေထိုင်လျက်ရှိကြောင်း သိရသည်။ဂျော်ဂျီယာနိုင်ငံတွင် နိုဝင်ဘာ ၂ ရက်အထိ COVID-19 ဖြစ်ပွားမှုအသစ် ၁,၈၅၂ ဦးရှိခဲ့ရာ စုစုပေါင်း COVID-19 အတည်ပြုလူနာ ၄၂,၅၇၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)